The network connection is lost.

Banner Image

အက်သလက်တီကိုအသင်းနဲ့နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ လီဗာပူးစတား

စပိန်ကလာတဲ့သတင်းတွေအရ လီဗာပူးအသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်တစ်ယောက် အခုနွေရာသီမှာ တီကိုအသင်းထံပြောင်းရွှေ့ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဥရုဂွေးသားဟာ စလော့လက်အောက်မှာ ဒီရာသီပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၈ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အခုနွေရာသီမှာ ဒါဝင်ကိုရှင်းထုတ်ဖို့ ပြင်ဆင်နေပေမယ့် ပေါင် ၆၄ သန်းကြောင့် ခက်ခဲနေတာဖြစ်ပါတယ်။ ဥရုဂွေးသားကို လီဗာပူးအသင်းက ၂၀၂၂ တုန်းက ဘင်ဖီကာအသင်းထံကနေ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

SER သတင်းဌာနရဲ့အဆိုအရ တီကိုအသင်းဟာ ဒါဝင်နဲ့စကားပြောဆိုပြီးဖြစ်သလို  နည်းပြဆီမြွန်နီလက်အောက်မှာ ကစားချင်နေတယ်လို့ သိရပါတယ်။နောက်ထပ်သတင်းတွေအရ ကစားသမား နဲ့ တီကိုတို့ကြား ဆွေးနွေးမှုတွေအားလုံးလုပ်ဆောင်ပြီးသွားပြီဖြစ်တာကြောင့် လီဗာပူးနဲ့ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

နူနက်ဇ်ကို တီကိုအသင်းတစ်သင်းတည်းကသာ လိုချင်နေတာမဟုတ်ပဲ နာပိုလီအသင်းကလည်း ချိတ်ဆက်နေပါတယ်။ ဒါ့အပြင် ဆော်ဒီလိဂ်ကလပ်တွေကလည်း ဒါဝင်ကို အလိုရှိနေပါတယ်။ လီဗာပူးအသင်းဟာ အခုနွေရာသီရဲ့ပထမဆုံးခေါ်ယူမှုအဖြစ် အာနိုးလ်နေရာအတွက် ဖရင်းပေါင်ကို ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၂၉.၅ သန်းသာရှိနေပြီး လီဗာပူးဘက်က စာချုပ်ဖျက်သိမ်းကြေးပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်နောက်ခံလူနေရာအတွက်လည်း လီဗာပူးအသင်းက ဘုန်းမောက်စတား ကာကက်ဇ် ဆွေးနွေးနေပါတယ်။