The network connection is lost.

Banner Image

မာဆေးဆိုဒ်ဒါဘီအဝေးကွင်းအနိုင်ရလဒ်ကို လီဗာပူးအသင်းနဲ့ပတ်သက်သူအားလုံး ဂုဏ်ယူသင့်တယ်လို့ အန်းစလော့ဆို

လီဗာပူးနည်းပြအန်းစလော့က အဲဗာတန်ကွင်းမှာ အနိုင်ရရှိခဲ့မှုကို အသင်းအတွက် တကယ်ကို ကောင်းမွန်တဲ့ အခိုက်အတန့်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

၂-၁ ဂိုးဆိုတဲ့အနိုင်ရလဒ်က အဲဗာတန်ရဲ့ Hill Dickinson ကွင်းသစ်မှာ ကြိုးကြာနီတွေအတွက် ပွဲဦးထွက်နိုင်ပွဲတစ်ခုကို ဖော်ဆောင်ပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး အန်းစလော့က "ဟုတ်ပါတယ်၊ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အပြည့်အဝအာရုံစိုက်နေရချိန်ပါ" လို့ ဆိုပါတယ်။

"ဒါပေမဲ့ ဒီပွဲမတိုင်ခင် ပြင်ဆင်မှုတွေမှာတော့ အမှတ်ပေးဇယားအခြေအနေထက် လီဗာပူးအသင်းကို ကိုယ်စားပြုဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ လွန်ခဲ့တဲ့ လေးရက်ကပဲ ဟေးလ်ဘရော့အဖြစ်ဆိုးအတွက် ကျွန်တော်တို့ ဂုဏ်ပြုခဲ့ကြပါတယ်။ အဲ့ဒီစိတ်ဓာတ်တွေကိုပဲ ဒီနေ့ပွဲစဉ်အတွက် အသုံးချခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဒီအသင်းကို ကိုယ်စားပြုခွင့်ရတယ်ဆိုတာ ဂုဏ်ယူစရာအခွင့်အရေးတစ်ခု ဖြစ်ပြီး ဒီနေ့မှာလည်း အသင်းကို ကိုယ်စားပြုရမှုက ကစားသမားတွေအတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာကို သူတို့ကိုယ်တိုင် သက်သေပြနိုင်ခဲ့ကြပါတယ်"

"ပြီးတော့ ပရိသတ်တွေကလည်း တစ်ရာသီလုံးအားပေးခဲ့ကြသလိုပဲ အခုလည်း ကျွန်တော်တို့အတွက် အားအင်တွေ အများကြီးပေးခဲ့ကြပါတယ်။ ကျွန်တော် အခုလေးတင်ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ သီတင်းတစ်ပတ်တာ အခြေအနေတွေအပြီး အဲဗာတန်ရဲ့ကွင်းသစ်၊ ပထမဆုံးပွဲစဉ်မှာပဲ သူတို့ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာက လီဗာပူးအသင်းနဲ့ပတ်သက်နေသူအားလုံးအတွက် တကယ့်ကိုဂုဏ်ယူချီးကျူးစရာကောင်းတဲ့ ကိစ္စပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။