
အာမိုရင်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတား ဒါလော့
ယူနိုက်တက်နောက်ခံလူ ဒါလော့က နည်းပြ အာမိုရင်ရဲ့အသင်းကိုဝေဖန်မှုဟာ သူ့ကိုထိခိုက်စေခဲ့ပေမယ့် အာမိုရင်ဟာ သူ့စိတ်ထဲရှိတာကို ပြောရမှာထိပ်လန့်မနေဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပေါ်တူဂီသားနည်းပြဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဝက်စ်ဟမ်းကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူ့ကစားသမားတွေကို ဝေဖန်ခဲ့သလို အခြေအနေတွေမတိုးတက်လာခဲ့ရင် အသင်းကနေထွက်ခွာဖို့ပါ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါလော့က အဆိုပါဝေဖန်စကားတွေဟာ သူ့ကိုနာကျင်စေခဲ့သလို အာမိုရင်အနေနဲ့ အမှန်တရားကိုပြောရမှာ မကြောက်ရွံ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ပုဂ္ဂိုလ်ရေးအရ နည်းပြပြောစကားတွေက အများကြီးနာကျင်စေပါတယ်။ ဒါပေမယ့် အဲ့တာက သူ့အနေနဲ့ အရိုးသားဆုံးပြောတာဖြစ်သလို သူ့ခံစားချက်ကို မကွယ်မဝှက်ပြောကြားတာပါ။
သူပြောတာမျိုးအတွက် အခုလိုမျိုးနည်းလမ်းနဲ့ မကွယ်မဝှက်ဆက်သွယ်ပါတယ်။ အဲ့တာကလည်း သူ့ကိုရိုးသားတဲ့သူတစ်ဦးဖြစ်စေပါတယ်။ ဒီလိုနေ့တွေမှာ သူ့လိုနည်းပြမျိုးရှာဖွေရတာ ခက်ခဲသွားပါပြီ။ ဒါပေမယ့် အဲ့တာက ခင်ဗျားကိုနာကျင်စေတယ်ဆိုရင် လက္ခဏာကောင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခြေအနေဆိုးတွေကို ပြောင်းလဲရမယ်လို့ ဆိုလိုတာပါ။ သူက ကျွန်တော့်အသင်း ၊ အသင်းဖော်တွေ နဲ့ အသင်းအတွက် ပြောနေတာပါ။
ကျွန်တော့်နည်းပြ အခုလိုမျိုးပြောနေတာကို မကြားချင်ပါဘူး။ ဒါဆို ကျွန်တော်တို့ ပြောင်းလဲဖို့ လုပ်ရပါမယ်။ အဲ့တာက ကျွန်တော်တို့ အာရုံစိုက်ရမယ့်အရာပါ။ အသင်းဖော်တွေအပါအဝင် လူတော်တော်များများမှာ တူညီတဲ့စွမ်းအင်ရှိနေပါတယ်။ အခုလိုပြောကြားမှုက အသင်းအတွက်ကော ကစားသမားတွေအတွက်ပါ အကျိုးရှိပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရမှာဖြစ်ပြီး အကောင်းဆုံး နဲ့ နည်းပြလိုချင်သလိုဖြစ်အောင် ပြောင်းလဲရပါမယ်”လို့ ဒါလော့က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လိဂ်နောက်ဆုံး ၆ ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့ပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ကျန် ၂ ပွဲဆက်နိုင်ပွဲမရခဲ့ရင် ၂၀၂၄ - ၂၅ ရာသီမှာ ပထမဆုံး ၂ ပွဲဆက်နိုင်ပွဲမရတဲ့ရာသီဖြစ်လာမှာဖြစ်ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက်ဟာ တော့တင်ဟမ်အသင်းနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကန်ရမှာဖြစ်ပြီး အနည်းဆုံးဖလား ၁ လုံးနဲ့ရာသီသိမ်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။