The network connection is lost.

Banner Image

ရှုံးထွက်မျှော်လင့်ချက်အတွက် အဝေးကွင်းနိုင်ပွဲဖော်ဆောင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်

အူထရက်ချ် ၁-၂ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

နယ်သာလန်မြေမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ဧည့်သည်နော်တင်ဟမ်ဖောရက်စ်က ပြိုင်ဘက်ကို ဘက်ပေါင်းစုံအသာစီးရယူနိုင်ခဲ့ပေမယ့် အနိုင်သုံးမှတ်ဖော်ဆောင်ဖို့ကိုတော့ အပြင်းအထန်ရုန်းကန်ခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဧည့်သည်တွေအတွက် ကာလီမန်ဒိုက သွင်းယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားဝါရင့်ခံစစ်မှူးဗန်ဒါဟွန်းစ်က အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ နော်တင်ဟမ်ဖောရက်စ်တို့ တိုက်စစ်မြှင့်ကစားလာခဲ့ပြီး သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ မိနစ်ပိုင်းအလို၊ လူစားဝင်တိုက်စစ်မှူးအီဂေါဂျီးဆပ်စ်က ရှောင်ဒိုက်ရဲ့အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နော်တင်ဟမ်ဖောရက်စ်ရဲ့ယူရိုပါလိဂ် ၁၆-သင်းရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်ရေးအိပ်မက် အားကောင်းလာခဲ့ပါတယ်။