The network connection is lost.

အို့ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

မန်ချက်စတာယူနိုက်တက် ၀ - ၁ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်) 

 

နည်းပြ တန်ဟတ်အနေနဲ့ ကာရာဘောင်ဖလားမှာ အနိုင်ရထားတဲ့ လူစာရင်းမှာ အဓိကကစားသမားအချို့ကို ပေါင်းထည့်ကာ ပွဲထွက်လာခဲ့ပေမဲ့ ပထမပိုင်းအပြီးမှာ ပဲလေ့စ်အသင်းက အန်ဒါဆန်ရဲ့ လှပတဲ့ ကန်ချက်နဲ့အတူ ယူနိုက်တက်အသင်းကို ဦးဆောင်ခွင့်ရထားတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအတွင်း ပယ်လစ္စထရီ၊ ရှက်ရှ်ဖို့ဒ် တို့နေရာမှာ မာရှယ်၊ ဂါနာချိုတို့အား အစားထိုး အသုံးပြုခဲ့ပြီး တိုက်စစ်ကစားပုံတိုးတက်လာခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပဂိုးမရခဲ့တာကြောင့် ယူနိုက်တက်တို့ အို့ထရက်ဖို့ဒ်မှာ ရမှတ်ဒ်ဗလာနဲ့ ပွဲသိမ်းခဲ့ရတာ ဖြစ်ပါတယ်။