The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူဝါတန်ကို ခေါ်ယူဖို့ လီဗာပူးအသင်း ဆွေးနွေးနေ

လီဗာပူးအသင်းက ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကစားသမားဝါတန် လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် 'အဆင့်မြင့်ဆွေးနွေးမှုတွေ' ပြုလုပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၂ နှစ်အရွယ်ဝါတန်က အခုဘောလုံးရာသီ၊ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ပြီး ပြိုင်ပွဲစုံ ၄၆ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

သတင်းထောက်မက်တီယိုမော်ရက်တိုရဲ့အဆိုအရ လီဗာပူးအသင်းက ဝါတန်ကို ခေါ်ယူဖို့အတွက် အဆင့်မြင့်ဆွေးနွေးမှုတွေ စတင်နေပြီး ဒီအပြောင်းအရွှေ့ကို ပေါင် ၇၀ သန်းလောက် တန်ကြေးရှိမယ်လို့ ခန့်မှန်းရကြောင်း သိရပါတယ်။

ဝါတန်ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် အသင်းမှထွက်ခွာဖို့ ဆန္ဒရှိနေသလို ကလပ်အသင်းဘက်ကလည်း သူ့ရဲ့လမ်းကြောင်းကို တားဆီးသွားဖို့မရှိဘူးလို့ နားလည်ရပါတယ်။

တကယ်လို့ ဒီအပြောင်းအရွှေ့သာ ဖြစ်ပေါ်လာရင် ပြီးခဲ့တဲ့နွေရာသီ၊ အီဇီအတွက် အာဆင်နယ်အသင်းဆီမှရရှိခဲ့တဲ့ ပေါင် ၆၈ သန်းထက် အနည်းငယ်ပိုများသွားမယ့် စံချိန်တင်ကစားသမားရောင်းချမှုတစ်ခုကို ခရစ္စတယ်ပဲလေ့စ်အသင်း ပိုင်ဆိုင်သွားပါလိမ့်မယ်။