
ကစားသမားဘဝမှ အနားယူတဲ့အခါ နည်းပြလုပ်ဖို့ ထောက်ခံမှု ရရှိထားတဲ့ ခရစ္စတီယာနို ရိုနယ်ဒို
ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ပေါ်တူဂီ နှင့် အယ်လ်နာဆာအသင်းတို့ရဲ့ မန်နေဂျာတာဝန်ကို ယူရဖို့အတွက် ထောက်ခံမှုများ ရရှိနေပါတယ်။ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်ဒိုဟာ အရှေ့အလယ်ပိုင်းတွင် စာချုပ်သက်တမ်းကို ၂ နှစ် တိုးခဲ့တာကြောင့် အနားယူရန်အတွက် လိုအပ်နေပါသေးတယ်။ အဆိုပါ စာချုပ်က အမြဲတမ်း လူငယ်လိုဖြစ်နေတဲ့ တိုက်စစ်မှူးကို အသက် ၄၂ နှစ်အထိ ကစားသမားဘဝတွင် ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။
အကယ်၍ ထိုအချိန်တွင် တိုက်စစ်မှူးက ခြေစွမ်းပြနေသေးပါက ခရစ္စတီယာနို ဂျူနီယာ နှင့်အတူ ကစားနိုင်မယ့် အလားအလာရှိနေပြီး စာချုပ်သစ်များကို ထပ်မံဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ မည်သို့ပင်ဆိုစေ တစ်ချိန်ချိန်တွင် CR7 က အနားယူပြီး စိန်ခေါ်မှုအသစ်တစ်ခုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံး အားကစားသမားဖြစ်တဲ့အတွက် နည်းပြတစ်ဦး စိတ်ဖိစီးမှုများကို ခံစားစရာမလိုသော်လည်း ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးအတွက် ဘောလုံးလောကမှ လုံးဝထွက်ခွာရန် ခက်ခဲနိုင်ပါတယ်။
ဒီအချက်ကို ထည့်သွင်းစဉ်းစားတာကြောင့် ယူနိုက်တက် နည်းပြဟောင်း ရီနီ မူလန်စတိန်းက Poker Strategy သို့ CR7 ရဲ့ မန်နေဂျာဖြစ်လာနိုင်ဖွယ်ရှိခြင်းအကြောင်း ပြောကြားရာတွင် "ခရစ္စတီယာနို ရိုနယ်ဒိုက ပေါ်တူဂီကို ကိုင်တွယ်တာကို ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ ဘောလုံးကလပ်တစ်ခုကို ဦးဆောင်တဲ့ အတွေ့အကြုံကို အရင်လိုအပ်မလားဆိုတာပေါ် မူတည်ပါလိမ့်မယ်။ ခရစ္စတီယာနိုသာ မန်နေဂျာလောကထဲ ဝင်လာရင် ကစားသမားဘဝက သူ့ရဲ့ အရည်အချင်းတွေကို မန်နေဂျာအဖြစ် ယူဆောင်လာပါလိမ့်မယ်။ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ အောင်မြင်လိုစိတ်က သူယူမယ့် မည်သည့်နေရာကိုမဆို လိုက်ပါလာပါလိမ့်မယ်"
"ဒါကို ပြောရရင် ဒီနေ့ခေတ် ဘောလုံးလောကမှာ မန်နေဂျာနဲ့ နည်းပြကြား ကြီးမားတဲ့ ကွာခြားချက် ရှိပါတယ်။ ဥပမာအားဖြင့် ဆာ အဲလက်စ် ဖာဂူဆန်က ယူနိုက်တက်ရဲ့ မန်နေဂျာဖြစ်ပြီး မိုက်ခ် ဖီလန် နဲ့ ကျွန်တော်တို့က အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေကို ဦးဆောင်ခဲ့ပါတယ်။ ရိုနယ်ဒိုသာ သူ့ရဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်ဆိုရင် သူ့ပတ်ပတ်လည်မှာ မှန်ကန်တဲ့ နည်းပြပံ့ပိုးမှုတွေ လိုအပ်ပါလိမ့်မယ်"
"ဒါမှမဟုတ် သူဟာ ပြည်တွင်းကလပ်တစ်ခုမှာ အရင်စချင်ကောင်းစချင်ပါလိမ့်မယ်။ သူဟာ အယ်လ်နာဆာမှာ မန်နေဂျာရာထူးကို ရွှေ့ကောင်းရွှေ့နိုင်မယ် ဒါမှမဟုတ် ဆော်ဒီအမျိုးသားအသင်းကို ဦးဆောင်ဖို့ ဖိတ်ခေါ်ခံရနိုင်ပါတယ်။ ဒီနှစ်ခုစလုံးဟာ ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေပါ" လို့ မူလန်စတိန်းက ပြောကြားခဲ့ပါတယ်။
ရိုနယ်ဒိုက မန်နေဂျာလောကသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း မည်သည့်အရိပ်အယောင်မျှ မပြသေးသော်လည်း ဒေးဗစ် ဘက်ခမ်း နှင့် ရိုင်ယန် ရေးနိုး တို့ရဲ့ ခြေလှမ်းကို လိုက်ကာ သူ့ကိုယ်ပိုင်ကလပ်တွင် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ဝယ်ယူခြင်းတို့ ပြုလုပ်နိုင်ကြောင်းလည်း ပြောဆိုမှုများ ရှိခဲ့ပါတယ်။