
ကစားသမားရောင်းချမှုကနေ ပေါင်သန်း ၆၀ လောက်ရဖို့ပစ်မှတ်ထားနေတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ ကစားသမားပြန်လည်ရောင်းချမှုကနေ ပေါင်သန်း ၆၀ လောက်ပြန်ရဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့တွေအတွက် ပေါင်သန်း ၇၀ ကျော်လောက်ပိုသုံးစွဲထားခဲ့ကာ လက်ရှိမှာ ဇူဘီမန်ဒီ ၊ ကီပါ ၊ နော်ဂတ် နဲ့ မာဒူကီတို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် တိုက်စစ်နေရာအတွက် ယိုကရက်စ် ၊ နောက်ခံလူနေရာအတွက်လည်း မော့စကွယ်ရာကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ လိုအပ်တဲ့နေရာတွေကိုဖြည့်ပြီးတဲ့နောက် အာဆင်နယ်ဟာ အရောင်းဘက်ကို ပြန်လည်အာရုံစိုက်မှာဖြစ်ပြီး ပေါင်သန်း ၆၀ လောက်ပြန်လည်ရှာဖွေဖို့ ပစ်မှတ်ထားနေပါတယ်။ ဗီအဲရာကို စီးရီးအေကလပ် ပါးမားအသင်းက ပေါင်သန်း ၂၀ နဲ့ခေါ်ယူချင်နေပါတယ်။
အသက် ၂၅ နှစ်သားက အာဆင်နယ်လက်ထောက်နည်းပြဟောင်း ကားလို့စ်နဲ့ ပြန်လည်ပေါင်းဆုံချင်နေပါတယ်။ ဗီအဲရာအပြင် အာဆင်နယ်ဟာ ဇင်ချန်ကို ၊ လိုကွန်ဂါ ၊ နယ်လ်ဆင်တို့ကိုလည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ်သားကို ဖူလ်ဟမ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး နောက်ထပ်အငှားခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
လာမယ့်ရာသီသစ်မှာ ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ အာတီတာ နဲ့ အားကစားဒါရိုက်တာ ဘာတာတို့ကတော့ လိုအပ်တဲ့နေရာကို ထပ်မံအားဖြည့်ဦးမှာဖြစ်ပါတယ်။ ရာသီသစ်မစခင်မှာ အသင်းဘက်က ယိုကရက်စ် နဲ့ မော့စကွယ်ရာတို့ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ချင်နေပါတယ်။