The network connection is lost.

Banner Image

အာဆင်နယ်တိုက်စစ်ပိုင်းအတွက် အခုထက်ပိုပြီး အခွင့်အရေးဖန်တီးပေးဖို့ အာတီတာ အလိုရှိနေတယ်လို့ ဒီကလန်ရိုက်စ် ဝန်ခံပြောဆို

လီဗာပူးကွင်းမှာ ၀-၁ ဂိုးဖြင့် အကြိတ်အနယ်အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ သုံးမှတ်ဖြတ်ကာ ဦးဆောင်လိုက်ပါတယ်။

အန်းဖီးလ်မှာ ပွဲစစချင်း အဖွင့်ဂိုးရရှိစေဖို့အတွက် ဒက်ကလန်ရိုက်စ်က ကိုင်ဟားဗက်ဇ်ဆီ ဖန်တီးပေးပို့မှု ပြုလုပ်ခဲ့ပြီး အဝေးကွင်းအထိလိုက်ပါအားပေးတဲ့ ဂန်းနားပရိသတ်တွေအတွက် ၁၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်တန်းလိဂ်နိုင်ပွဲအရသာကို ခံစားစေခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာ လီဗာပူးအသင်း ရရှိနိုင်မယ့် ပင်နယ်တီအခွင့်အရေးကို အငြင်းပွားဖွယ် ပယ်ချခံခဲ့ရသလို အာဆင်နယ်အသင်းရဲ့ ထူးခြားပြောင်မြောက်လှတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အခုပွဲစဉ်မှာ အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဒီကလန်ရိုက်စ်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ငါးကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ သူ့ရဲ့ဂိုးဖန်တီးမှုစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ဒါကြောင့် အာတီတာကိုယ်တိုင်လည်း သူ့ကို တိုက်စစ်ပိုင်းမှာ အခုထက်ပိုပြီး အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးသွားဖို့ တွန်းအားပေးနေတယ်လို့ အင်္ဂလန်လက်ရွေးစင်ကစားသမားက ဖွင့်ဟခဲ့ပါတယ်။

ဒီကလန်ရိုက်စ်က "ရာသီအစပိုင်းမှာ နည်းပြနဲ့ ကျွန်တော့်အကြား ပွင့်ပွင့်လင်းလင်း ကောင်းကောင်းမွန်မွန် စကားပြောဆိုခဲ့ပါတယ်။ ဒီကလပ်အသင်းအတွက် ကျွန်တော် ဒီထက်ပိုလုပ်ပေးနိုင်သေးတယ်လို့ သူ ယူဆထားသလို ဒီရာသီမှာ ကျွန်တော်လည်း တကယ်ကို အခြေအနေကောင်းနေတယ်လို့ ခံစားရပါတယ်"

"ကိုင်ဟားဗက်ဇ်အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဒီသွင်းဂိုးနဲ့ရော၊ ဒီနိုင်ပွဲနဲ့ပါ ထိုက်တန်လို့ပါပဲ။ ဒါက စိန်ခေါ်မှုများပြားပေမဲ့ ဒီအသင်း လုပ်ဆောင်နေကျအရာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ၊ မတ်လလောက်ရောက်ရှိချိန်မှ အမှတ်ပေးဇယားအကြောင်း အလေးအနက်ထည့်သွင်းစဉ်းစားလို့ ရပါလိမ့်မယ်။ အခုတော့ အဲ့ဒီကာလမရောက်ခင်အထိ ပွဲစဉ်တွေကို အနိုင်ရရှိအောင် ကစားသွားဖို့ပဲ ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။