The network connection is lost.

Banner Image

ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ကီပါပဲ ပွဲထွက်လာလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဂန်းနားဂိုးသမားဟောင်းစတက်ခ်

အာဆင်နယ်ဂိုးသမားဟောင်းဂရေဟမ်စတက်ခ်က ဆောက်သမ်တန်နဲ့ကစားမယ့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ကီပါပဲ ဂိုးပေါက်ကိုတာဝန်ယူပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လွန်ခဲ့တဲ့သီတင်းနှစ်ပတ်၊ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ကီပါက အမှားအယွင်းတစ်ခု ကျူးလွန်မိခဲ့ပါတယ်။ ဒါပေမဲ့ အခု အက်ဖ်အေဖလားပွဲစဉ်မှာတော့ ပထမဦးစားပေးဂိုးသမားဒေးဗစ်ရာယာအစား ကီပါကိုပဲ ဆက်အသုံးပြုလိမ့်မယ်လို့ စတက်ခ်က ယူဆနေပါတယ်။

သူက The Sun သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။ "နည်းပြက ကီပါကိုပဲ ဆက်သုံးမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ပေးချင်တာ ဖြစ်နိုင်ပါတယ်။

နည်းပြကိုယ်တိုင်လည်း ဒီသီတင်းပတ်ထဲမှာ ကီပါနဲ့ စကားပြောပြီး ဂိုးသမားကောင်းတစ်ဦး ဖြစ်တယ်၊ ဒါမှမဟုတ် ဖြစ်လာနိုင်တယ်ဆိုတာကို ယုံကြည်မှုပေးလိမ့်မယ်။ အရင်ကအမှားတွေကို မေ့ပစ်ပြီး သူ့ဘက်ကနေ ရပ်တည်ပေးပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အမှားကြီးတစ်ခုလုပ်ပြီးချိန် နည်းပြဆီက အခုလိုထောက်ခံအားပေးမှုရတယ်ဆိုတာ နည်းပြတစ်ဦးရဲ့ စိတ်ဓာတ်ကို ဖော်ပြနေသလို၊ ကစားသမားအတွက်လည်း တကယ့်ကို အားတက်စရာ ဖြစ်စေပါတယ်။

ကီပါက ဗိုလ်လုပွဲမတိုင်ခင် ပွဲစဉ်တွေမှာလည်း တကယ်ကို စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲမှာ သူပွဲထွက်လာတယ်ဆိုတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဆိုပါတယ်။