The network connection is lost.

Banner Image

အာဆင်နယ်စတားကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပေါ်တို

သတင်းတွေအရ ပေါ်တိုအသင်းဟာ အာတီတာလက်အောက်မှာ နေရာမရတော့တဲ့ နောက်ခံလူ ဇင်ချန်ကိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပေါ်တိုအသင်းဟာ ဇင်ချန်ကိုအခြေအနေကို စောင့်ကြည့်နေပြီး အခြားအသင်းတွေဖြစ်တဲ့ ဖီနာဘာချီ နဲ့ ဘက်တစ်တို့ကလည်း စောင့်ကြည့်နေကြပါတယ်။ ယူကရိန်းသားဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေပြီး သင့်တော်တဲ့ကမ်းလှမ်းမှုရလာခဲ့ရင် အခုအပြောင်းအရွှေ့မှာတင် အသင်းပြောင်းဖွယ်ရှိနေပါတယ်။

၂၀၂၂ တုန်းက စီးတီးထံကနေ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့ပြီးနောက် နေရာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စကယ်လီအပြင် ကာလာဖီအိုရီပါရောက်လာတာကြောင့် နေရာမရတော့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားဟာ အာဆင်နယ်ကွင်းလယ်မှာလည်း နေရာရဖို့မသေချာတော့တာကြောင့် မဖြစ်မနေအသင်းပြောင်းရဖို့များနေပါတယ်။

၂၀၂၄ - ၂၅ ရာသီနဲ့ပတ်သက်ပြီး ယူကရိန်းသားက သူ့ကစားသမားဘဝအဆိုးဝါးဆုံးအတွေ့အကြုံလို့ ပြောကြားလိုက်ပါတယ်။ နောက်တစ်ရာသီအသင်းအရန်ခုံမှာမထိုင်ချင်တာကြောင့် ဇင်ချန်ကိုအနေနဲ့ အခုနွေမှာပဲ အသင်းပြောင်းဖွယ်ရှိနေပါတယ်။