The network connection is lost.

Banner Image

ဗီလာပတ်ခ်ကွင်းနိုင်ပွဲနဲ့အတူ တန်းဆင်းဇုန်မှ ရုန်းထွက်လာတဲ့ တော့တင်ဟမ်

အက်စတွန်ဗီလာ ၁-၂ တော့တင်ဟမ် (ပွဲပြီးရလဒ်)

တန်းဆင်းဇုန်ဖိအားကြုံတွေ့နေရတဲ့ တော့တင်ဟမ်က ပွဲပန်းနေတဲ့ပြိုင်ဘက်အက်စတွန်ဗီလာကို အသာစီးရယူကစားရင်း အဖိုးတန်အနိုင်ရလဒ်ကို ဖော်ဆောင်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း တော့တင်ဟမ်အတွက် ဂလယ်ဟာနဲ့ ရစ်ချာလီဆန်တို့က အဖိုးတန်ဂိုးတွေ သွင်းယူပေးခဲ့ပြီး အိမ်ရှင်တွေအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ လူစားဝင်ကစားသမားဘူအမ်ဒီယာက သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် တော့တင်ဟမ်က ဝက်စ်ဟမ်းအသင်းရဲ့အခုသီတင်းပတ်ကုန်ရှုံးပွဲကို အကောင်းဆုံးအသုံးချကာ တန်းဆင်းဇုန်မှ ရုန်းထွက်လာနိုင်ပါတယ်။