အင်္ဂလန်ဒါဘီနိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်)
အခုအိုးထရက်ဖို့ဒ်ကွင်းအင်္ဂလန်ဒါဘီပွဲစဉ်က နှစ်ဖက်အသင်းကစားသမားတွေရဲ့သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေကို အိမ်ရှင်ယူနိုက်တက်က ကွန်ဟာ၊ ဆက်စ်ကိုတို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းစတင်လာချိန်မှာတော့ ဧည့်သည်လီဗာပူးအတွက် ဆိုဘိုဆလိုင်းနဲ့ဂတ်ပိုတို့က ချေပဂိုးတွေပြန်သွင်းယူခဲ့လို့ ရလဒ်ပိုင်း ညီမျှသွားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ အိမ်ရှင်တွေအတွက် အနိုင်ဂိုးကို မိုင်နူးက သွင်းယူပေးခဲ့လို့ အဖိုးတန်အနိုင်သုံးမှတ်အပြည့်ကို သရဲနီတို့ ပိုင်ဆိုင်သွားခဲ့ပါတယ်။