The network connection is lost.

Banner Image

ချာလိုဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ စတင်ဆွေးနွေး‌နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက သူတို့ရဲ့နောက်ခံလူချာလိုဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိချာလိုဘာက အခုဘောလုံးရာသီမှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်နေပြီး အခုရာသီ၊ ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ပွဲ ၃၀ အထိ ပွဲထွက်ကစားပေးထားပါတယ်။

သတင်းထောက်နီကိုလိုရှီရာရဲ့အဆိုအရ ချဲလ်ဆီးက ချာလိုဘာကို စာချုပ်သစ်တစ်ခုနဲ့အတူ အသင်းမှာ ရေရှည်ဆက်ရှိနေအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒီဗဟိုနောက်ခံလူက အတိတ်မှာ စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ဆက်စပ်မှုရှိခဲ့ဖူးသလို ပြီးခဲ့တဲ့ရာသီရဲ့ပထမနှစ်ဝက်ကာလမှာလည်း ခရစ္စတယ်ပဲလေ့စ်အသင်းဆီ အငှားသွားရောက် ကစားခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းရဲ့စိတ်ကူးပြောင်းလဲသွားပုံရပြီး ၂၀၂၈ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် ချာလိုဘာရဲ့လက်ရှိစာချုပ်ကို ထပ်မံသက်တမ်းတိုးဖို့ စိတ်အားထက်သန်နေပါတယ်။