The network connection is lost.

Banner Image

ဘရိုက်တန်ရဲ့နာမည်ကြီးနောက်ခံလူဗန်ဟစ်ကီကို ခေါ်ယူဖို့ လီဗာပူးအသင်း စုံစမ်းမေးမြန်းနေ

လီဗာပူးအသင်းက ဘရိုက်တန်အသင်းနောက်ခံလူဗန်ဟစ်ကီကို ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားတယ်လို့ ဒတ်ချ်မီဒီယာတွေမှ စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဗန်ဟစ်ကီက ပြီးခဲ့တဲ့နွေရာသီကတည်းက ဘရိုက်တန်အသင်းမှထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ အသင်းဘက်ကတော့ ဒတ်ချ်နောက်ခံလူကို ထွက်ခွာခွင့်မပေးခဲ့ပါဘူး။ လက်ရှိမှာတော့ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးဖို့ရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့ကိုလည်း ဗန်ဟစ်ကီကိုယ်တို်ငငြင်းဆန်ထားလို့ အခုနွေရာသီမှာ ဘရိုက်တန်မှ ဒတ်ချ်နောက်ခံလူထွက်ခွာသွားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။

Voetbal International သတင်းဌာနရဲ့ဖော်ပြချက်အရ အန်းစလော့ရဲ့လီဗာပူးအသင်းက အသက် ၂၅ နှစ်အရွယ်ဗန်ဟစ်ကီကို သူတို့ရဲ့ခံစစ်ပိုင်းအတွက် အကောင်းဆုံးအင်အားဖြည့်တင်းမှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းထောက် Joost Blaauwhof ရဲ့အဆိုအရ ကလပ်အသင်းနှစ်ခုအကြား ဆက်သွယ်မှုတွေ ရှိနေသလို ဗန်ဟစ်ကီကိုယ်တိုင်လည်း လီဗာပူးနဲ့ အစောပိုင်းကတည်းက အဆက်အသွယ်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ကိုနာတေးနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေမှုက ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် ဗန်ဟစ်ကီကိုခေါ်ယူချင်တဲ့ လီဗာပူးရဲ့စိတ်ဝင်စားမှုကို အဟန့်အတားမဖြစ်စေပါဘူး။ သူသာ ရောက်လာရင် ဗန်ဒိုက်၊ ကိုနာတေး၊ ဂျိုးဂိုးမက်ဇ်၊ ဒဏ်ရာရနေတဲ့လီယိုနီတို့နဲ့အတူ လီဗာပူးအသင်းရဲ့ဗဟိုခံစစ်ပိုင်းမှာ ပါဝင်လာရပါလိမ့်မယ်။

ဗန်ဟစ်ကီက ၂၀၂၀ ပြည့်နှစ်မှာ ဒတ်ချ်ကလပ် NAC Breda မှ ယူရို ၂ သန်းဖြင့် ဘရိုက်တန်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အင်္ဂလန်တောင်ပိုင်းကလပ်အသင်းဆီရောက်ရှိလာပြီးနောက်ပိုင်း သူက ပြိုင်ပွဲစုံ ၁၂၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။