The network connection is lost.

Banner Image

ဘုန်းမောက်ကွင်းလယ်လူခရစ္စတီးကို ခေါ်ယူဖို့ အက်စတွန်ဗီလာ စီစဉ်နေ

အက်စတွန်ဗီလာအသင်းက ဘုန်းမောက်ကွင်းလယ်ကစားသမားခရစ္စတီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက စကော့တလန်လက်ရွေးစင်ကစားသမားရဲ့ခြေစွမ်းကို သဘောကျနေတယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။

အမ်မရီက ခရစ္စတီးကို အက်စတွန်ဗီလာအသင်းခေါင်းဆောင်၊ စကော့တလန်လက်ရွေးစင်အသင်းဖော် မက်ဂင်းနဲ့အတူ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးတွဲဖက်ကစားနိုင်မယ့်သူအဖြစ် ရှုမြင်နေပါတယ်။

အမ်မရီက တိုက်စစ်ပိုင်းမှာတင်မကဘဲ ကွင်းလယ်အထိုင်နေရာမှာပါ ကစားနိုင်တဲ့ ခရစ္စတီးရဲ့စွယ်စုံရအရည်အသွေးကိုလည်း အသိအမှတ်ပြုသဘောကျနေပါတယ်။

အသက် ၃၁ နှစ်အရွယ်ခရစ္စတီးရဲ့ ဘုန်းမောက်အသင်းနဲ့စာချုပ်သက်တမ်းက နောက်ဆုံး ၁၈ လအတွင်းဆီ ရောက်ရှိနေပါပြီ။