The network connection is lost.

Banner Image

လီဗာပူးကို ၂-၀ နဲ့ နိုင်ပေခဲ့ပေမယ့် ဒုတိယအကျော့ကျန်နေသေးတယ်လို့ ပီအက်စ်ဂျီကိုသတိပေးလိုက်တဲ့ အမ်မရီ

ပီအက်စ်ဂျီရဲ့ ကွင်းလယ်ကြယ်ပွင့် ဝါရင်း ဇိုင်ရီ-အမ်မရီဟာ လီဗာပူးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စံချိန်တင်ခြေစွမ်းပြသနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်နေပါတယ်။

ပီအက်စ်ဂျီဟာ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒီဆိုင်းယားဒူယေးနဲ့ ခွါရတ်စခီလီယာတို့ရဲ့ ဂိုးတွေနဲ့အတူ လီဗာပူးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။ အဆိုပါပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ဇိုင်ရီ-အမ်မရီက "ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေအများကြီး သွင်းနိုင်ခဲ့သင့်တာပါ။

၂-၀ ဆိုတာ ရလဒ်ကောင်းတစ်ခု ဖြစ်ပေမဲ့ ဒီထက်ပိုမရခဲ့တာကတော့ နှမြောစရာပါပဲ၊ ဒါပေမဲ့ အဖြေကတော့ လုံးဝမပြတ်သေးပါဘူး။ ဒုတိယအကျော့ကိုလည်း အနိုင်ရဖို့ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း သွားမှာပါ။ ဘောလုံးပွဲမှာ ဘာမဆိုဖြစ်သွားနိုင်တာမို့ ကျွန်တော်တို့တွေ အလေးအနက်ထားဖို့ လိုအပ်ပါတယ်" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အသက် ၂၀ နဲ့ ၃၁ ရက်သားသာ ရှိသေးတဲ့ ဝါရင်း ဇိုင်ရီ-အမ်မရီဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ် ၄၀ ပြည့်မြောက်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ "ကျွန်တော်တို့က ပွဲတိုင်းကို ပြိုင်ဘက်အသင်းကို အနီးကပ်လိုက်ပြီး ဖိအားပေးကစားဖို့ ပြင်ဆင်ထားပါတယ်။ ဒီပွဲမှာ အဲဒီလိုလုပ်နိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ရလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့တော့ လိုအပ်ပါတယ်" လို့လည်း ၎င်းက ရှင်းပြခဲ့ပါတယ်။