The network connection is lost.

Banner Image

အာဆင်နယ်အတွက် ဆုဖလားနှစ်လုံးအောင်မြင်မှုရယူဖို့ အခွင့်အလမ်းရှိတယ်လို့ ယုံကြည်နေတဲ့ အို၀င်

အင်္ဂလန်တိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အနိုင်ယူပြီး မှတ်တမ်းကောင်းတစ်ခုဖြစ်တဲ့ ဆုဖလားနှစ်လုံး (Double) အောင်မြင်မှုကို အာဆင်နယ်တို့ ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်တဲ့ အာတီတာရဲ့အသင်းက သူတို့ရဲ့အမြဲတမ်းလိုအင်ဆန္ဒဖြစ်ခဲ့တဲ့ ဥရောပချန်ပီယံဆုကို အရယူဖို့ စိတ်အားထက်သန်‌နေပါလိမ့်မယ်။

အာဆင်နယ်ရဲ့ဥရောပအဆင့်အောင်မြင်နိုင်မှုအခွင့်အလမ်းနဲ့ပတ်သက်လို့ လီဗာပူးတိုက်စစ်မှူးဟောင်းက စာရွက်ပေါ်မှ လူစာရင်းအရဆိုရင် ပီအက်စ်ဂျီ ပိုမိုတောင့်တင်းနိုင်ပေမဲ့ ပြင်သစ်ချန်ပီယံတွေလည်း လန်ဒန်ကလပ်နဲ့ရင်ဆိုင်ရချိန် ရုန်းကန်ရနိုင်တယ်လို့ ဆိုပါတယ်။

"သူတို့မှာ အခွင့်အရေးရှိပါတယ်။ ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းလို့ ကျွန်တော်ထင်ပေမဲ့ တစ်ခုပြောချင်တာက သူတို့က အခုလက်ရှိအာဆင်နယ်လိုအသင်းမျိုးနဲ့ တစ်ခါမှမရင်ဆိုင်ဖူးပါဘူး။" လို့ အိုဝင်က ပရီးမီးယားလိဂ်ဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။

"ကွင်းထဲမှာ ယှဉ်ရပ်လိုက်လို့ အာဆင်နယ်ကစားသမားတွေရဲ့ ခန္ဓာကိုယ်ထွားကြိုင်းမှုကို မြင်ရချိန်၊ ဒါမှမဟုတ် ထောင့်ကန်ဘောတွေမှာ ပိတ်ဆို့တာတွေ၊ တွန်းတိုက်တာတွေကို ကြုံလိုက်ရတဲ့အခါ သူတို့ သိသွားပါလိမ့်မယ်။"

"ပီအက်စ်ဂျီကစားသမားတွေက အဲဒီလို လူကပ်ကစားတာမျိုး၊ အမြဲတမ်းဖိအားပေးခံရနေတာမျိုးကို ကျင့်သားရနေမှာမဟုတ်ပါဘူး။ ဘယ်လိုတိုက်စစ်မျိုးနဲ့ အတိုက်ခံလိုက်ရမှန်းတောင် သူတို့ သိလိုက်မှာမဟုတ်ဘူး။ ပီအက်စ်ဂျီအတွက် အာဆင်နယ်ကို ပြစ်ဒဏ်ဘောတွေ အလွယ်တကူမပေးမိဖို့ လိုပါတယ်။ ဒါက အာဆင်နယ်အတွက် အကောင်းဆုံးအခွင့်အရေးပါပဲ၊ အထူးသဖြင့် ပီအက်စ်ဂျီလိုအသင်းနဲ့ ကစားချိန်မျိုးမှာပေါ့။ အာဆင်နယ်က ခံစစ်အလွန်ကောင်းပြီး ကျစ်လျစ်တဲ့အသင်းဖြစ်သလို ပြိုင်ဘက်ကို လွယ်လွယ်နဲ့ အခွင့်အရေးပေးမယ့်အသင်းမျိုးလည်း မဟုတ်ပါဘူး။"

"အာဆင်နယ်ဘက်က ကြံ့ခိုင်မှုချင်းယှဉ်ကစားတဲ့ ပုံစံမျိုးကိုသာ ဖော်ဆောင်နိုင်ရင် ပီအက်စ်ဂျီတော့ စိတ်ကြိုက်ဖြစ်မှာမဟုတ်ပါဘူး။ အာဆင်နယ်နဲ့ တွေ့ရမယ့်ကိစ္စကို ပီအက်စ်ဂျီတို့ မပျော်ရွှင်နေကြဘူးဆိုတာတော့ သေချာပါတယ်။" လို့ သူက သုံးသပ်ပြောကြားခဲ့ပါတယ်။