The network connection is lost.

Banner Image

ရာသီပိတ်ပွဲစဉ်အရေးနိမ့်မှုအပြီး ပီအက်စ်ဂျီကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ကေးက တနင်္ဂနွေနေ့၊ လီဂူးဝမ်းရာသီပိတ်ပွဲစဉ်မှာ အသင်းရဲ့ကစားအား ကျဆင်းခဲ့မှုကို စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် စိတ်ဓာတ်ခိုင်မာမှုတွေ ပြန်လည်ရရှိဖို့ ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

ငါးကြိမ်ဆက်အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးထားပြီးဖြစ်တဲ့ ပီအက်စ်ဂျီက မြို့ခံပြိုင်ဘက် ပဲရစ် F.C အသကို ၂-၁ ဂိုးဖြင့် အရေးနိ့မ်ခဲ့ပြီး စိတ်အားထက်သန်မှုအားနည်းနေခြင်းကို ထင်ရှားတဲ့ပြဿနာတစ်ရပ်လို့ အင်းနရစ်က သုံးသပ်ခဲ့ပါတယ်။

"ဒီပွဲစဉ်နဲ့ပတ်သက်ပြီး အကောင်းပြောချင်စရာ တစ်ခုမှ မရှိပါဘူး" လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ "ရည်မှန်းချက် ဒါမှမဟုတ် ပြင်းပြတဲ့ စိတ်ဆန္ဒမရှိဘဲ ဘောလုံးကစားချိန်တိုင်း အခုလိုမျိုး ကြုံတွေ့ရပါမယ်။ ရည်မှန်းချက်မရှိတဲ့ အခုလိုပွဲစဉ်မျိုးကို ကစားဖို့ဆိုတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ ပွဲမတိုင်ခင်ကတည်းက ကျွန်တော် သိထားပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ စိတ်ပျက်မိတယ်" လို့ ဆိုပါတယ်။

ပီအက်စ်ဂျီက လာမယ့်မေ ၃၀ ရက်၊ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှသာ ပြိုင်ပွဲအသွင်ပွဲစဉ်ကို ပြန်လည်ကစားရဖို့ရှိနေပြီး သူတို့ရဲ့လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ့် အခွင့်အလမ်းတစ်ရပ်လည်း ရှိနေပြန်ပါတယ်။

"ကျွန်တော့်ကစားသမားတွေအတွက် ခက်ခဲတဲ့ပွဲစဉ်တွေကို ကျော်ဖြတ်ပြီး စိတ်အားထက်သန်မှု ရှိနေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ မနှစ်ကတော့ ပြင်သစ်ဖလားဗိုလ်လုပွဲကစားခဲ့ရလို့ ကျွန်တော်တို့အတွက် စိတ်ဓာတ်တက်ကြွစရာ ဖြစ်ခဲ့ပါတယ်၊ ဒီနှစ်ရာသီပိတ်ပိုင်းကတော့ ပုံမှန်ထက် ပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သမိုင်းတစ်လျှောက် အရေးအကြီးဆုံးလို့ခေါ်လို့ရတဲ့ ပွဲစဉ်အတွက် နောက်ထပ် ရက်သတ္တပတ် နှစ်ပတ် အချိန်ရပါသေးတယ်။ အဲဒီနေ့ကျရင်တော့ ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် ထပ်ပြီးတိုက်တွန်းနေစရာ မလိုတော့ဘူးလို့ သေချာပေါက်မျှော်လင့်ပါတယ်" လို့ စပိန်လူမျိုးနည်းပြက ဆက်ပြောပါတယ်။