The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်မတိုင်ခင် နောက်ထပ်ဒဏ်ရာပြဿနာအကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတဲ့ ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ရင်ဆိုင်ရဖို့ရှိနေချိန် ရီးရဲလ်မက်ဒရစ်ဘယ်နောက်ခံလူကာရီရက်စ် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့လို့ အသင်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ပွဲစဉ်ကို ကာရီရက်စ်ပါဝင်ကစားဖို့ဆိုတာ အတော်လေးမသေချာတဲ့အခြေအနေဆီ ရောက်ရှိနေပါတယ်။

အာဘီလိုအာရဲ့အသင်းက အမာခံကစားသမားတွေဖြစ်တဲ့ အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့ကို ဆန်တီယာဂိုဘာနေဗျူးမှာကစားမယ့် ပထမအကျော့ပွဲစဉ်အတွက် လက်လွှတ်ရလိမ့်မယ်လို့ အတည်ပြုထားပါတယ်။

AS သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၂၂ နှစ်အရွယ်ကာရီရက်စ်ကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်အတွက် ပါဝင်ကစားဖို့ မသေချာတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အသင်းဆေးအဖွဲ့ဘက်ကတော့ သူ ပြန်လည်သက်သာလာနိုင်တယ်ဆိုတဲ့အပေါ် အကောင်းမြင်မှုလေးတွေ ရှိနေပါသေးတယ်။

ဒီနောက်ခံလူက ပြီးခဲ့တဲ့စနေနေ့မှာတော့ ကွင်းတွင်းလေ့ကျင့်ခန်းမဆင်းဘဲ အားကစားရုံအတွင်းမှာ အချိန်ကုန်ဆုံးစေခဲ့ပြီး အထူးကြပ်မတ်ကုသမှုကုထုံးတွေကို ခံယူခဲ့ပါတယ်။

လတ်တလော ရီးရဲလ်မက်ဒရစ်အသင်းမှာ လူနာတွေနဲ့ပြည့်နှက်နေပြီး စီနီယာအသင်းအတွက် ကစားပေးနိုင်မယ့်သူ ၁၇ ဦးသာ ကျန်ရှိပါတော့တယ်။