The network connection is lost.

Banner Image

အိုလီစီနဲ့ပတ်သက်တဲ့အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်းထုတ်ပြောလာတဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ

ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲ မက်စ်အီဘရယ်လ်က အိုလီစီအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာပဲ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေဆီ ပြင်သစ်ကွင်းလယ်ကြယ်ပွင့် ပြောင်းရွှေ့နိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမဲ့ အီဘရယ်လ်ကတော့ ZDF နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အိုလီစီကို မရောင်းချနိုင်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အီဘရယ်လ်က "မိုက်ကယ်အိုလီစီဆိုတာ လုံးဝကို ရောင်းချလို့မရတဲ့ ကစားသမား ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ တစ်စက္ကန့်တောင် မရှိပါဘူး။ သူဟာ အံ့ဩစရာကောင်းလောက်အောင် တိုးတက်နေပါတယ်" လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ခွဲတာကာလ၊ ခရစ္စတယ်ပဲလေ့စ်မှ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာတဲ့ အိုလီစီက အခုဘောလုံးရာသီမှာ ၁၉ ဂိုးသွင်း၊ ၂၉ ဂိုး ဖန်တီးပေးထားနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။