The network connection is lost.

Banner Image

ပယ်လီဂရီနီမရှိတော့တဲ့ ဘက်တစ်ကို မစဉ်းစားချင်ဘူးလို့ ဆိုလိုက်တဲ့ အစ္စကို

ဘက်တစ်အသင်းခေါင်းဆောင်အစ္စကိုက နည်းပြပယ်လီဂရီနီမရှိတဲ့ သူတို့အသင်းကို စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လာမယ့်ရာသီအတွက် ဥရောပဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေပြီဖြစ်ပေမဲ့ ပယ်လီဂရီနီကတော့ အခုဘောလုံးရာသီကုန်ဆုံးချိန်၊ ဘက်တစ်မှ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစ္စကိုက "ကစားသမားတစ်ဦးရဲ့အစောပိုင်းကာလတွေအပါအဝင် အရေးအကြီးဆုံးအချိန်နှစ်ခုမှာ သူက ကျွန်တော့်ဘေးမှာ ရှိနေပေးခဲ့ပါတယ်"

"သူက ကျွန်တော့်ကို မာလာဂါအသင်းမှာ အခွင့်အရေးပေးခဲ့ပြီး ပွဲတိုင်းကစားခွင့် ပေးခဲ့ပါတယ်။ ကွင်းထဲမှာ ကျွန်တော့်ရဲ့ပင်ကိုယ်ဟန်နဲ့ ကစားကွက်တွေကို ဖော်ဆောင်နိုင်ဖို့ သူက အမြဲတမ်းယုံကြည်မှုတွေ အပြည့်အဝပေးခဲ့ပါတယ်။ အခုဘက်တစ်မှာလည်း အလားတူပါပဲ"

"ကျွန်တော် ဒီကိုရောက်ကတည်းက မာလာဂါမှာ စတင်ကစားခဲ့ချိန်လိုပဲ ကလေးတစ်ယောက်လိုမျိုး ဘောလုံးကစားရတာကို ပြန်ပြီးပျော်မွေ့နေပါတယ်။ သူ ဆက်ရှိနေမလားဆိုတဲ့အချက်နဲ့ပတ်သက်လို့ကတော့ ပယ်လီဂရီနီမရှိတဲ့ဘက်တစ်ကို ကျွန်တော် စိတ်ကူးကြည့်လို့တောင် မရပါဘူး။ ဒီကလပ်အသင်းအတွက် သူလုပ်ပေးခဲ့တဲ့အရာတွေဆိုတာ အတိတ်မှာ မရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်"

"သူ ဒီကိုရောက်လာပြီးနောက် ဘက်တစ်က ဘာစီလိုနာ၊ အက်သလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေနဲ့အတူ ဥရောပပြိုင်ပွဲတွေကို နှစ်စဉ်ဆက်တိုက်ဝင်ခွင့်ရနေတဲ့ အသင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကအခုလိုမျိုးပရိသတ်တွေရှိတဲ့ အသင်းတစ်ခုအတွက် အရမ်းအရေးကြီးတဲ့အချက် ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။