The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အမှတ်ကွာဟမှုရှိလာခြင်းအပေါ် တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ပက်ဂွါဒီယိုလာ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှု ရှိလာခဲ့ပြီးနောက် မန်စီးတီးအတွက် ရှေ့ဆက်ဖို့မှလွဲပြီး တခြားရွေးချယ်စရာမရှိဘူးလို့ ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးညပိုင်း၊ အီတီဟတ်ကွင်းပွဲစဉ်မှာ မန်စီးတီးက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးရရှိခဲ့ပေမဲ့ ပွဲပြီးဆုံးချိန်မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို တစ်ဖက်နှစ်ဂိုးစီသာသရေကစားနိုင်ပြီး တစ်မှတ်ခွဲဝေပေးလိုက်ရပါတယ်။

အလားတူ တစ်ဖက်မှာလည်း ဘရိုက်တန်ကို အာဆင်နယ်က ၁-၀ ဂိုးဖြင့် ခဲရာခဲရစ်အနိုင်ယူခဲ့လို့ မန်စီးတီးတီးတို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ခုနစ်မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် ဂွါဒီယိုလာက မန်စီးတီးမှာ လက်ကျန်ပွဲစဉ်တစ်ခု ကစားရဖို့ရှိနေသေးလို့ ချန်ပီယံပြေးလမ်းမှာ အပြောင်းအလဲတွေ ရှိလာနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ရှေ့ဆက်ရမယ်လို့ ဆိုပါတယ်။

"ရလဒ်အတွက်တော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ထပ်ပြီး အကောင်းဆုံးကြိုးစားခဲ့ကြတာပါ။ ဂိုးတွေ အများကြီးပေးလိုက်ရတာမျိုးမရှိသလို ပွဲပြီးခါနီးရော၊ ပွဲကစားနေချိန်မှာပါ အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်"

"ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ ကစားသမားတွေကတော့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ သူတို့ ဘယ်လောက်တောင်အားစိုက်ပြီး ပြေးလွှားနေသလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကိုယ့်အိမ်ကွင်းမှာ ကစားရတဲ့ပွဲဖြစ်သလို အခုလိုရာသီပိတ်ခါနီးအချိန်မျိုးမှာ ဒါဟာ အရေးကြီးပေမဲ့ ရှေ့ဆက်ဖို့ပဲ ရှိပါတယ်။ အတိတ်ကို ပြန်ကြည့်နေဖို့ အချိန်မရှိပါဘူး၊ ရှေ့ကိုပဲ ကြည့်ရပါမယ်။ အခုမှစပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ နယူးကာဆယ်နဲ့ကစားရမယ့်ပွဲစဉ်၊ အဲ့ဒီနောက် ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားသွားရပါမယ်။ တစ်ပွဲချင်းစီပဲ အာရုံစိုက်သွားရပါမယ်။ ကျွန်တော်တို့က ပြိုင်ပွဲစုံကစားရတာကို အသားကျနေသလို အဲဒီပွဲစဉ်တွေအတွက်လည်း အဆင်သင့်ရှိနေပါတယ်။ ကစားဖို့ ပွဲတွေအများကြီးကျန်ပါသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဆက်ပြီးကြိုးစားသွားရပါမယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။