တော့တင်ဟမ်အသင်းကို ဂျိုးလူးဝစ် ပြန်လည်ရောင်းချတော့မလားဆိုပြီး အလန်ရှူးဂါး သံသယရှိနေ
တော့တင်ဟမ်အသင်းရဲ့ပိုင်ရှင်ဟောင်းဖြစ်သူအလန်ရှူးဂါးက မြောက်လန်ဒန်ကလပ်အသင်းကို လက်ရှိအသင်းပိုင်ရှင်ဂျိုးလူးဝစ် ပြန်ရောင်းချဖို့ ပြင်ဆင်နေတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။
အလန်ရှူးဂါးက အသင်းကစားသမားအင်အားဖြည့်တင်းမှုအတွက် ငွေကြေးအမြောက်အများသုံးစွဲဖို့ ဂျိုးလူးဝစ်မိသားစု တွန့်ဆုတ်နေမှုကို ဝယ်လက်အသစ်နဲ့ဆွေးနွေးနေခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။တော့တင်ဟမ်က နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၅ နေရာအထိ ရောက်ရှိသွားပါတယ်။
X လူမှုကွန်ရက်မှတဆင့် အလန်ရှူးဂါးက "သန်းကြွယ်သူဌေးကြီး ဂျိုးလူးဝစ်အနေနဲ့ တော့တင်ဟမ်အတွက် ဘာကြောင့်ငွေကြေးမသုံးစွဲသလဲဆိုတာ တကယ်ကို နားမလည်နိုင်ပါဘူး။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း ကစားသမားသစ်ခေါ်ယူမှုအနည်းအပါးကိုပဲ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ သူက အသင်းကိုလွှဲပြောင်းရယူမယ့်ဝယ်လက်တစ်ဦးကို စိတ်ကူးထဲမှာ ကြိုတင်သတ်မှတ်ထားပြီးပုံရပါတယ်"လို့ ရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ ဂျိုးလူးဝစ်မိသားစုအပြင် အသင်းဥက္ကဋ္ဌဟောင်းလီဗိုင်းကလည်း သူပိုင်ဆိုင်တဲ့ အစုရှယ်ယာအနည်းစုကို ရောင်းချဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။