ဂိုးပြတ်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာတဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၃-၀ ဝုဗ် (ပွဲပြီးရလဒ်)
အခုစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးက နည်းပြမာရက်စ်ကာရဲ့မှန်ကန်တဲ့လူစားလဲလှယ်မှုတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းပွဲချိန်မိနစ်တွေမှာ ဂတ်စတို၊ ဂျော်အိုပက်ဒရိုနဲ့ နက်တိုတို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက စနေညပိုင်းပွဲစဉ်တွေအပြီး အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ခြောက်မှတ်အကွာ၊ အမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။