The network connection is lost.

Banner Image

လာဗီယာရဲ့ဒဏ်ရာအခြေအနေကို ဖွင့်ဟလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာက ကွာရာဘတ်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ကွင်းလယ်လူ ရိုမီယိုလာဗီယာရဲ့ အခြေအနေကို အသိပေး ပြောကြားလိုက်ပါတယ်။ ကွင်းလယ်လူဟာ မကြာသေးခင် နှစ်တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ပဲ အမြဲ ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး ယနေ့နံနက် ဘာကူမြို့မှာရှိတဲ့ Tofiq Bahramov ကွင်းမှာ ကာရာဘတ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဏ်ရာတစ်ခု ထပ်ရခဲ့တာဖြစ်ပါတယ်။

မာရက်စ်ကာက ဘယ်လ်ဂျီယံကွင်းလယ်လူကို ကွင်းလယ်အထိုင်နေရာမှာ အန်ဒရေဆန်းတို့စ်နဲ့တွဲပြီး ပွဲထွက်ကစားစေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစပြီး ၅ မိနစ်အတွင်းမှာပဲ လာဗီယာတစ်ယောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး လူစားလဲခဲ့ရပါတယ်။ ကွင်းထဲက ထွက်သွားတော့ သူ ဒေါသထွက်ပြီး ရေသန့်ဗူးတစ်ဗူးကို ပစ်ပေါက်လိုက်တာကိုလည်း တွေ့ရပါတယ်။ နည်းပြ မာရက်စကာက အခြေအနေကို လုံးဝ မစွန့်စားဘဲ အနားပေးဖို့ ရည်ရွယ်ထားတဲ့ ကိုင်စီဒိုနဲ့ လဲခဲ့ပါတယ်။

လာဗီယာရဲ့ ဒဏ်ရာအခြေအနေအပေါ် မာရက်စ်ကာက “သူ့အတွက် ကျွန်တော်တို့ အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ အထူးသဖြင့် သူ့အတွက်ပေါ့။ သူက အချိန်အကြာကြီး ကောင်းကောင်း မကစားနိုင်ဘဲ ဖြစ်နေတာပါ။ အခုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။ ဘယ်လိုဒဏ်ရာလဲဆိုတာ အခုချိန်မှာ နားလည်ဖို့က အရမ်းစောနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ပေါင်ကြွက်သား ဒဏ်ရာပါပဲ”လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်း လန်ဒန်ကို ပြန်ရောက်တာနဲ့ လာဗီယာရဲ့ ဒဏ်ရာအခြေအနေကို သေချာသိရဖို့ ကော့ဘ်ဟန်းလေ့ကျင့်ရေးကွင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။