ဘရော့ဘီရဲ့အသည်းခွဲဂိုးကြောင့် ဆန်းဒါးလန်းကို သရေကျခဲ့တဲ့ အာဆင်နယ်
ဆန်းဒါးလန်း ၂ - ၂ အာဆင်နယ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ယနေ့ည ဆန်းဒါးလန်းရဲ့ အလင်းရောင်ကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်ကနေ လိုက်ကစားကာ ထရိုဆက်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ဘရော့ဘီရဲ့ချေပဂိုးကြောင့် သရေတစ်မှတ်သာရရှိခဲ့ပါတယ်။
ဆန်းဒါးလန်းအသင်းရဲ့ ပြင်းထန်တဲ့ကစားဟန်ကြောင့် အာဆင်နယ်တို့ ကစားကွက်တည်ရခက်ခဲခဲ့ပြီး တစ်ပွဲလုံး ရုန်းကန်ကစားခဲ့ရပါတယ်။
ယခုသရေပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့နေချိန် ရမှတ်သုံးမှတ်ပြည့်ယူပြီး အမှတ်ဖြတ်ခွင့်ကို လက်လွှတ်ခဲ့ရပါတယ်။