ဒီလစ်ခ်ျရဲ့နောက်ကျသွင်းဂိုးနဲ့ တော့တင်ဟမ်ထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့တဲ့ ယူနိုက်တက်
တော့တင်ဟမ် ၂-၂ ယူနိုက်တက် (ပွဲပြီးရလဒ်)
အမ်ဘွေမို ၃၂'
မာသီတဲလ်စ် ၈၄'
ရစ်ချာလီဆန် ၉၀+၁'
ဒီလစ်ခ်ျ ၉၀+၆'
ဒုတိယပိုင်းအစမှာ ယူနိုက်တက်တို့ အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တော့တင်ဟမ်ရဲ့ မှန်ကန်တဲ့လူစားလဲမှုတွေကြောင့် မိနစ် ၈၀ ကျော်မှ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ သို့သော်လည်း ယူနိုက်တက်အနေနဲ့ ဆက်စ်ကို ဒဏ်ရာရသွားတာကြောင့် ၁ ယောက်လျော့အနေနဲ့ပဲ ချေပဂိုးကို မရရအောင်ပြန်သွင်းခဲ့ပြီး သရေရလဒ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ်မှာအနိုင်ရလဒ်မှ မှားယွင်းတဲ့လူစားလဲမှုတွေကြောင့် သရေရလဒ်နဲ့သာကျေနပ်ခဲ့ရသလို နောက်ခံလူ မက်ဂွါရီနဲ့ တိုက်စစ်မှူး ဆက်စ်ကိုတို့ဒဏ်ရာရရှိသွားတာကြောင့်လည်း ထိုးနှက်ချက်ပြင်းထန်ခဲ့တယ်လို့ဆိုရပါမယ်။