The network connection is lost.

Banner Image

အရေးကြီးတဲ့ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များမတိုင်မီ ကစားသမားတွေဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ အာဆင်နယ်

ယနေ့ညမှာ အာဆင်နယ်ဟာ မိုနာကိုနှင့် ကစားရမှာဖြစ်ပြီး စနေနေ့မှာတော့ အဲဗာတန်နှင့် ကစားရမှာဖြစ်ကာ ပွဲကျပ်တဲ့ ပွဲတော်ရက်ကာလကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ အာဆင်နယ်ဟာ ရလဒ်တွေဆိုးခဲ့တာကြောင့် အရေးပါတဲ့အရာတွေအတွက် အဆုံးသတ်ခဲ့ရကာ ဒုတိယရာသီဝက်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သော်လည်း ရာသီရဲ့နောက်ဆုံးအချိန်အထိ မန်စီးတီးရဲ့နောက်မှာသာ ရှိနေခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက အာတီတာရဲ့အသင်းဟာ ဖူလ်ဟမ်နှင့် ၁-၁ ဂိုး သရေကျကာ ချေချော်ခဲ့ရပေမယ့် ဒဏ်ရာတွေကြောင့် အကူညီမဖြစ်ခဲ့တာကိုတော့ မျှတတယ်လို့ ပြောရမှာပါ။ သို့သော်လည်း အာဆင်နယ်အတွက် သတင်းကောင်းကတော့ ဂါဘရီရယ်၊ ကာလာဖီအိုရီနှင့် ဇင်ချန်ကိုတို့ အားလုံးဟာ ဗုဒ္ဓဟူးနေ့ မိုနာကိုနှင့်ကစားမယ့်ပွဲစဉ်အတွက် ပြန်လည်ကစားနိုင်မှာဖြစ်တယ်လို့ Evening Standard က ဖော်ပြထားပါတယ်။

ဒဏ်ရာတွေကြောင့် အာဆင်နယ်အတွက် ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ အရေးပါတဲ့ပွဲစဉ်တွေကို အဓိက ကစားသမားတွေက လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ အိုဒီဂတ်ဟာဆိုရင် အရေးပါတဲ့ပွဲစဉ်များစွာကို လွဲချော်ခဲ့ပြီး မကြာသေးခင်ကမှ ပြန်လည်ကစားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီကမှ ခေါ်ယူထားတဲ့ ကာလာဖီအိုရီ၊ မာရီနိုတို့ကလည်း ကြံ့ခိုင်မှုဆိုင်ရာ ပြဿနများနှင့် ရင်ဆိုင်နေရပါတယ်။

ဂါဘရီရယ်၊ ကာလာဖီအိုရီနှင့် ဇင်ချန်ကိုတို့အားလုံးဟာ ဖူလ်ဟမ်နှင့်ပွဲကို လွဲချော်ခဲ့ကြတာကြောင့် အသင်းရဲ့ခံစစ်မှာ ကစားသမားတွေကို ပြောင်းလဲအသုံးပြုခဲ့ရတာဖြစ်ပြီး တင်ဘာက ဘယ်နောက်တန်း၊ ပါတေးက ညာနောက်တန်းအဖြစ် ဆင်းကာ ကစားခဲ့ရပါတယ်။

ယနေ့ပွဲစဉ်မှာ အဆိုပါကစားသမား ၃ ဦးစလုံးပြန်ကစားနိုင်မယ်ဆိုရင် အာဆင်နယ်အတွက် သတင်းကောင်းဖြစ်ပါတယ်။ အီတလီနိုင်ငံသား ကာလာဖီအိုရီကတော့ အမ်မရိတ်တွင် အကောင်းဆုံးစတင်ထားနိုင်သူဖြစ်ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။