The network connection is lost.

Banner Image

ရိုးမားမှာရှိခဲ့စဉ် သူကိုယ်တိုင်ရောင်းချခဲ့တဲ့ နောက်ခံလူကို ရီးရဲလ်မက်ဒရစ်အတွက် ပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုထားတဲ့ မော်ရင်ဟို

မော်ရင်ဟိုက ရိုးမားအသင်းကို တာဝန်ယူကိုင်တွယ်ချိန် သူကိုယ်တိုင်ရောင်းချခဲ့ဖူးတဲ့ အာဆင်နယ်နောက်ခံလူကာလာဖီအိုရီကို ရီးရဲလ်မက်ဒရစ်ဆီ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာလာဖီအိုရီရဲ့ ရိုးမားကစားသမားဘဝက ဆိုးရွားလှတဲ့ ဒူးဒဏ်ရာကြောင့် စောစောစီးစီးအဆုံးသတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မော်ရင်ဟိုက သူ့ကို ဘေဆယ်အသင်းဆီ ရောင်းချခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကာလာဖီအိုရီဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းနောက်ခံလူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းကို ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။

သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ မော်ရင်ဟိုက အတိတ်ကာလအမှားတွေကို ပြန်လည်ပြင်ဆင်ချင်နေပြီး အီတလီနောက်ခံလူကို ခေါ်ယူပေးဖို့ ရီးရဲလ်မက်ဒရစ်အသင်းဆီ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကာလာဖီအိုရီကိုယ်တိုင်က ဂန်းနားအသင်းဖော်တွေအကြား ရေပန်းစားသူဖြစ်သလို အသင်းမှာလည်း ပျော်ရွှင်နေလို့ သူ့ကို မြောက်လန်ဒန်အရပ်ဆီမှခေါ်ယူဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။

အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ မော်ရင်ဟို ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီကိစ္စက လာမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဖလော်ရင်တီနိုပီရက်ဇ် အနိုင်ရရှိမလားဆိုတဲ့အလားအလာအပေါ် မူတည်နေပြန်ပါတယ်။