The network connection is lost.

Banner Image

NBA စတား လီဘရွန်ဂျိမ်းစ်နဲ့အတူတွဲကစားစေချင်နေတဲ့ ရော်နယ်ဒို

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက သားအကြီးဆုံးဖြစ်သူ ဘရွန်နီကို NBA စတား လီဘရွန်ဂျိမ်းစ်နဲ့အတူ တွဲကစားစေချင်နေပါတယ်။ ပေါ်တူဂီသားက သားဖြစ်သူကို သူ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းစေချင်နေပြီး သူ့အိပ်မက်တွေ တကယ် ဖြစ်လာဖွယ်ရှိနေပါတယ်။ လာမယ့်ဇွန်လမှာ အသက် ၁၅ နှစ်ပြည့်မယ့် ဂျူနီယာဟာ လက်ရှိ အယ်လ်နာဆာအကယ်ဒမီမှာ စာရင်းသွင်းထားပြီး ဆော်ဒီလိဂ်မှာ စီနီယာကစားသမားဘဝကို တက်လှမ်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

အသက် ၄၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုကတော့ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးတာဖြစ်ပါတယ်။ တကယ်လို့ ရော်နယ်ဒိုအနေနဲ့ နောက်ထပ်နှစ်အနည်းငယ် ထပ်ကစားမယ်ဆိုရင် ဂျူနီယာရဲ့အသင်းဖော်ဖြစ်လာဖွယ်ရှိနေပါတယ်။ ဂျူနီယာကတော့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအဖြစ် သက်သေပြရဦးမှာဖြစ်ပါတယ်။ သားဖြစ်သူနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက “ကျွန်တော် အဲ့တာကို ကြိုက်ပါတယ်။ ညမှာ တစ်စုံတစ်ခုက ကျွန်တော့်ကို ထိန်းမထားနိုင်ပါဘူး။ ဒါပေမယ့် အဲ့တာကို ကျွန်တော် ကြိုက်ပါတယ်။ 

ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ သူ့အနာဂတ်က ကျွန်တော့်ထက် သူ့လက်ထဲမှာပဲ ရှိနေပါတယ်။ နှစ်တော်တော်များများတော့ ဖြတ်သန်းနေပါပြီ။ တစ်နေ့မှာ ကျွန်တော် ဘောလုံးလောကကနေ နှုတ်ဆက်ရမှာပါ။ အဲ့အချိန်က ရောက်လာတော့မှာပါ။ ကျွန်တော့်အတွက် အချိန်အများကြီးမကျန်တော့ပါဘူး။။ ဒါပေမယ့် အဲ့တာက စွဲလမ်းခြင်းလို့ ကျွန်တော်မမြင်ပါဘူး။ သူက သူ့လမ်းကြောင်းအတိုင်း လျှောက်ပါလိမ့်မယ်။

ကျွန်တော်က ဖခင်တစ်ဦးအနေနဲ့ ဂုဏ်ယူရတာဖြစ်လာနိုင်ပါတယ်။ သူဘာပဲလုပ်လုပ် ကျွန်တော် ဂုဏ်ယူရနိုင်ပါတယ်။ တကယ်လို့ သူထိပ်တန်းအဆင့်မျိုးမှာ ကစားမယ်ဆိုရင် ထိပ်တန်းကစားသမားဖြစ်လာနိုင်ပါတယ်။ တကယ်လို့ မလုပ်နိုင်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ ကြိုးစားပေးမှာပါ။ အနည်းဆုံး သူ့ဖခင်တစ်ဦးအနေနဲ့ ကြိုးစားပေးမှာပါ။ ဒါပေမယ့် အဲ့တာက ပြဿနာဖြစ်မလာနိုင်ပါဘူး”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုတစ်ယောက် နောက်ထပ် ၂ နှစ်လောက်ထပ်ကစားဖွယ်ရှိနေပြီး ရေရှည်အတွက်တော့ မစဉ်းစားထားဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။