The network connection is lost.

Banner Image

လီဗာပူးကြယ်ပွင့်ဟောင်းရဲ့နေရာမှာ ကတ်စ်မဲရိုးကို အစားထိုးဖို့ အယ်လ်အစ်တီဟတ် ပစ်မှတ်ထားနေ

အယ်လ်အစ်တီဟတ်အသင်းက မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မယ့် ကွင်းလယ်လူကတ်စ်မဲရိုးကိုခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ကတ်စ်မဲရိုးကလည်း အခုဘောလုံးရာသီကုန်ဆုံးချိန်၊ ယူနိုက်တက်မှ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။

လတ်တလောမှာတော့ ဒီဘရာဇီးလက်ရွေးစင်ကစားသမားက ကမ္ဘာတစ်ဝှမ်းမှရောက်ရှိလာတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသုံးသပ်နေပါတယ်။

အယ်လ်အစ်တီဟတ်အသင်းကလည်း ကတ်စ်မဲရိုးကို ဆော်ဒီပရိုလိဂ်ဆီ လာရောက်ကစားဖို့အတွက် ဆွဲဆောင်ချင်နေတယ်လို့ ESPN မှ ဖော်ပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ကတ်စ်မဲရိုးကို အယ်လ်အစ်တီဟတ်အသင်းက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လီဗာပူးကွင်းလယ်လူဟောင်း ဖာဘင်ဟိုရဲ့နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။

အယ်လ်အစ်တီဟတ်တင်မက အင်တာမီလန်ကလည်း အခုသီတင်းပတ်အတွင်းမှာ ကတ်စ်မဲရိုးကို စိတ်ဝင်စားနေပုံ ပြသလာခဲ့ပါတယ်။