The network connection is lost.

Banner Image

လီဗာပူးဂန္ထဝင်မိုဆာလက်အတွက် အသင်းသစ်ရွေးချယ်ပြီးပြီဆိုတဲ့ ပြောဆိုချက်တွေကို အေးဂျင့်ဖြစ်သူက ပြန်လည်တုံ့ပြန်လာ

အခုဘောလုံးရာသီကုန်ဆုံးချိန်၊ လီဗာပူးအသင်းမှ ထွက်ခွာတော့မယ်လို့ မိုဟာမက်ဆာလက် အတည်ပြုကြေညာထားခဲ့ပြီးနောက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူက အသင်းသစ် မရွေးချယ်ရသေးဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မိုဆာလက်နဲ့ လီဗာပူးအသင်းတို့အကြား စာချုပ်သက်တမ်းတစ်နှစ်ကျော်လောက် ကျန်ရှိနေသေးပေမဲ့ အခုနွေရာသီမှာပဲ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆော်ဒီပရိုလိဂ်ဆီ မိုဆာလက် ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ အချိန်အတော်ကြာ ထွက်ပေါ်နေသလို အမေရိကန် မေဂျာလိဂ် (MLS)ကိုလည်း သူသွားရောက်နိုင်ခြေရှိတဲ့ နေရာတစ်ခုအဖြစ် သုံးသပ်နေကြပါတယ်။

ဒါပေမဲ့လည်း မိုဆာလက်ရဲ့အေးဂျင့်ရာမီအဘတ်စ်ကတော့ လက်ရှိအချိန်အထိ ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

X လူမှုကွန်ရက်ကတစ်ဆင့် အဘတ်စ်က "လာမယ့်ရာသီအတွက် မိုဆာလက် ဘယ်နေရာမှာကစားမလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင်တောင် မသိသေးပါဘူး။ ဒါ တခြားဘယ်သူမှလည်း မသိနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လူစိတ်ဝင်စားမှုရဖို့အတွက် သတင်းအမှားတင်နေတဲ့သူတွေကို သတိထားကြပါ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။