The network connection is lost.

Banner Image

ဆော်ဒီကလပ်တွေရဲ့ ဟယ်ရီကိန်းအပေါ် စိတ်ဝင်စားမှုကို ဘိုင်ယန်မြူးနစ်အသင်း စိုးရိမ်နေရတယ်လို့ ဟိုးနက်စ်ဝန်ခံ

ဘိုင်ယန်မြူးနစ်အသင်းမှာ နောက်ထပ်တစ်နှစ်လောက်တော့ ဟယ်ရီကိန်း ဆက်ရှိနေဦးမယ်လို့ အူလီဟိုးနက်စ်က ပြောကြားလိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၇ ခုနှစ်နောက်ပိုင်းအထိ အသင်းမှာ ဆက်ရှိမလားဆိုတာနဲ့ ပတ်သက်လို့တော့ ဟိုးနက်စ်ကိုယ်တိုင် အပြည့်အဝအာမ,မခံနိုင်သေးပါဘူး။

ဂျာမန်ချန်ပီယံကလပ်ရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌက Kicker နဲ့ အင်တာဗျူးအစီအစဉ်မှာ "ကျွန်တော်ကြားသိရသလောက်တော့ သူနဲ့သူ့မိသားစုက ဒီမှာနေရတာ အလွန်သက်သောင့်သက်သာရှိပြီး ပျော်ရွှင်နေကြပါတယ်" လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူက " ဘယ်အချိန်မှာ ဆော်ဒီကလပ်တွေ ငွေပုံအောပေးပြီး ကမ်းလှမ်းလာမလဲဆိုတာတော့ ဘယ်သူမှ ကြိုမသိနိုင်ဘူး" လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဟိုးနက်စ်က ဟယ်ရီကိန်းကို ရောင်းထုတ်ဖို့တော့ မစဉ်းစားထားပါဘူး။

ပြီးခဲ့တဲ့ဇန်နဝါရီမှာ သတ်မှတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းမှထွက်ခွာခွင့်ရှိသည့်တိုင် မထွက်ခွာခဲ့မှုက ဟယ်ရီကိန်းရဲ့သစ္စာရှိမှုကို ပြသနေတယ်လို့ သူက မြင်ပါတယ်။ 

"ဟယ်ရီကိန်းက စာချုပ်ဖျက်သိမ်းခွင့် (release clause) ကို အသုံးမချခဲ့ပါဘူး။ ဒါကြောင့် ၂၀၂၇ ခုနှစ်၊ နွေရာသီအထိ ဒီမှာပဲ ဟယ်ရီကိန်းဆက်ရှိနေမယ်ဆိုတာ သေချာသွားပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဒီစာချုပ်ပါအချက်အလက်တွေက ဇန်နဝါရီလကုန်မှာ သက်တမ်းကျော်လွန်သွားပြီဖြစ်လို့ အခုဆိုရင် အင်္ဂလန်တိုက်စစ်မှူးကိုခေါ်ယူလိုတဲ့ ကလပ်အသင်းတွေကိုယ်တိုင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ တိုက်ရိုက်ညှိနှိုင်းရပါတော့မယ်။