The network connection is lost.

Banner Image

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် စံချိန်သစ်တင်ခဲ့တဲ့  ဂွါဒီယိုလာ

ရီးရဲလ်မက်ဒရစ်ကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာတစ်ယောက် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။ စီးတီးအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို နောက်တစ်ကြိမ်ထပ်မံရယူနိုင်ဖို့ပစ်မှတ်ထားခဲ့ပေမယ့် ရီးရဲလ်ကို ၂ ကျော့ပေါင်းရလဒ် ၆-၃ နဲ့အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာလက်အောက်မှာ စီးတီးဟာ ပြီးခဲ့တဲ့နှစ်တွေက ဥရောပတစ်လွှား လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ မက်ဒရစ်ကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ စောစီးစွာထွက်ခွာခဲ့ရပါတယ်။ အမ်ဘာပေရဲ့ဟက်ထရစ်နဲ့အတူ ရီးရဲလ်က စီးတီးကို ဒုတိယအကျော့မှာ ၃-၁ နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာကလည်း နည်းပြဘ၀ ၁၆ သင်းကို မတက်ရောက်နိုင်ခင် ပထမဆုံးထွက်ခွာရတဲ့စံချိန်တစ်ခုတင်ခဲ့တာဖြစ်ပါတယ်။

စပိန်သားနည်းပြအတွက် ဒီရာသီက မလိုချင်တဲ့စံချိန်တွေများပြားနေပြီး ချန်ပီယံလိဂ်ကနေ စောစီးစွာထွက်ခွာခဲ့ရသလို မက်ဒရစ်ကိုအရေးနိမ့်ပြီးနောက် တစ်ရာသီအတွင်းမှာ နည်းပြဘဝတစ်လျှောက် ဘယ်တုန်းကမှမတင်ဖူးတဲ့ ၁၃ ပွဲအထိ အရေးနိမ့်တဲ့စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ ၂၀၁၆ စီးတီးကို စတင်တာဝန်ယူကတည်းက ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလားကိုလည်း ၂၀၂၃ မှာ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၃ - ၂၄ ရာသီက ဂွါဒီယိုလာအတွက် ခက်ခဲခဲ့တာဖြစ်ပြီး အဓိကကစားသမားတော်တော်များများကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ဖလားကလည်း လက်လွှတ်ရဖို့ သေချာနေချိန်မှာ အခုချန်ပီယံလိဂ်ကနေပါ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ စီးတီးအတွက် အခုချိန်မှာ တစ်ခုတည်းသော မျှော်လင့်ချက်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။