The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်ခင် ဆုံးဖြတ်ချက် ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်ပဲလုပ်ရဖို့ လိုတော့တယ်လို့ ကိုးမန်းပြောကြား

နယ်သာလန်နည်းပြ ကိုးမန်းက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် အသင်းလူစာရင်းအတွက် အပြီးသတ်ဖို့ ဆုံးဖြတ်ချက် ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်သာလုပ်ဖို့ လိုအပ်တော့တယ်လို့ ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့က မော်လ်တာအသင်းကို ၄-၀ နဲ့အနိုင်ရပြီးနောက် နယ်သာလန်ဟာ လာမယ့်တနင်္ဂနွေနေ့ ဖင်လန်နဲ့ပွဲမတိုင်ခင် အုပ်စု (G) ရဲ့ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ပိုလန် နဲ့ ဖင်လန်တို့က ဒုတိယ ၊ တတိယတို့မှာ ရပ်တည်နေပါတယ်။ ကိုးမန်းက လာမယ့်နှစ် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် လူစာရင်းကို အပြီးသတ်ဖို့ လုပ်ဆောင်နေပါတယ်။

“ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ အဆင်ပြေပြေရှိနေပါတယ်။ လက်ရှိဦးစားပေးက ခြေစစ်ပွဲအောင်ဖို့ပါ။ တကယ်လို့ကစားသမားအချို့ကို မြင်ရမယ်ဆိုရင် အဲ့တာက အပိုဆုပါ။ ကျွန်တော်တို့ အဲ့လမ်းကြောင်းပေါ်ကောင်းကောင်းရှိနေပါတယ်။ တည်ငြိမ်မှုနဲ့အတူ ကျွန်တော်တု့ိ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ တကယ်လို့ ကစားတာအဆင်မပြေရင် အခြေခံတည်ဆောက်မှုက ကြီးမားနိုင်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက် ၁ ကြိမ် ဒါမှမဟုတ်  ၂ ကြိမ်သာပြုလုပ်ရပါတော့မယ်။ ကျွန်တော်တို့ အဆင်ပြေပြေရှိနေတယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲကနေထွက်ခွာရနိုင်ချေရှိနေသေးတာကိုလည်း မေ့လို့မရပါဘူး”လို့ ကိုးမန်းက ပြောကြားခဲ့ပါတယ်။

ကိုးမန်းအတွက် နောက်ခံလူနေရာကို ဆုံးဖြတ်ရမှာဖြစ်ပြီး ဗန်ဒိုက်နဲ့အတူ တွဲဖက်ဖို့ ကစားသမားလိုအပ်နေတာဖြစ်ပါတယ်။ တင်းဘားက ဗန်ဒိုက်နဲ့အတူ မော်လ်တာနဲ့ပွဲမှာ ပွဲထွက်ခဲ့ပြီး ဗန်ဒီဗန်က ဘယ်နောက်ခံလူအဖြစ် ပါဝင်ခဲ့ပါတယ်။ အကီ ၊ ဒီဗာဂျေ ၊ ဗန်ဟက်ကီတို့လည်း လူစာရင်းထဲမှာပါဝင်လာခဲ့ပါတယ်။ ကိုးမန်းက အာဆင်နယ်စတား တင်းဘားရဲ့အရည်အချင်းဟာ ခံစစ်အတွက် အဆင်ပြေနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“သူတို့အားလုံး တစ်ဦးနဲ့တစ်ဦးအဆင်ပြေကြပါတယ်။ ဗန်ဟက်ကီ နဲ့ ဒီဗာဂျောလည်း အတူတူပါပဲ။ သူတို့ ၂ ယောက်အပြင် တင်းဘားကလည်း အသင်းအတွက် အပိုလူတစ်ယောက်ရလိုက်သလိုပါပဲ။ကျွန်တော်တို့ အလျင်အမြန်လုပ်ရပါမယ်။ ကွင်းလယ်နေရာအတွက်လည်း လုပ်ဆောင်ရပါဦးမယ်။ လုပ်စရာလေးတွေအနည်းငယ်ရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အဲ့အတွက် ကစားသမားတွေရှိနေတာကြောင့်ပါ”လို့ ကိုးမန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။