The network connection is lost.

Banner Image

လီဗာပူးမှာ ခြေစွမ်းပြနိုင်ခဲ့မှုအတွက် သာယာမနေဖို့ ဂျာကွက်ကို ဗန်ဒိုက် သတိပေး

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က သူ့ရဲ့တွဲဖက်ဗဟိုနောက်ခံလူဂျာကွက်အတွက် တည်တည်ငြိမ်ငြိမ် ရှိနေဖို့ သတိပေးစကား ဆိုလိုက်ပါတယ်။

နွေရာသီ၊ ရန်းနက်စ်မှ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် ဂျာကွက်က လီဗာပူးရဲ့ဗဟိုခံစစ်ပိုင်းမှာ ဗန်ဒိုက်နဲ့အတူ နည်းပြအီရာအိုလာရဲ့ပထမဦးစားပေးရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားရဲ့ခြေစွမ်းကြောင့် ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းဆီ ခေါ်ယူခံရသလို ဇီဒန်း ပြင်ဆင်ဖွဲ့စည်းထားတဲ့ အသင်းသစ်မှာလည်း လေးပွဲအထိ ပါဝင်ကစားခွင့် ရရှိထားပါတယ်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲလုံးမှာ သူတို့နှစ်ဦး တွဲဖက်ပွဲထွက်ကစားခဲ့ပြီး Clean Sheet လေးကြိမ် ရရှိထားပေမဲ့ ဗန်ဒိုက်ကတော့ သတိကြီးကြီးထားကာ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေပါတယ်။

ဗန်ဒိုက်က "အခုအချိန်အထိ ဂျာကွက် တကယ်ကို ထူးချွန်နေပါတယ်။ သူက အရမ်းငယ်သေးပေမဲ့ တော်တော်လေး ရင့်ကျက်တဲ့ ကစားသမားတစ်ဦးလို ကစားပါတယ်။ သူက အသက် ၂၁ နှစ်ပဲ ရှိသေးလို့ ဒီထက် အများကြီး ပိုကောင်းလာနိုင်ပြီး ဒါက ကောင်းတဲ့အချက် ဖြစ်ပါတယ်"

"အခုဆိုရင် အဲဒီအဆင့်အတန်း၊ အဲဒီခြေစွမ်းတည်ငြိမ်မှုကို ဆက်ထိန်းထားဖို့နဲ့ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ဆိုတာ သူ့အပေါ်မှာပဲ မူတည်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဆီ ချီးကျူးစကားတွေ အများကြီးရောက်ရှိလာနေလို့ လွယ်လွယ်ကူကူနဲ့ သာယာနစ်မြောသွားနိုင်တဲ့ကိစ္စပါပဲ။ ဒါပေမဲ့ သူက အဲဒီချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာတော့ အမှန်ပါပဲ" လို့ ပြောပါတယ်။