The network connection is lost.

Banner Image

အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလာတဲ့ ဆာလက်

လီဗာပူးတောင်ပံကစားသမား ဆာလက်က စာချုပ်သစ်အခြေအနေအပြင် အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အီဂျစ်သားနဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက လအနည်းငယ်သာကျန်တော့တာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ ဆာလက်က သူ့အနေနဲ့ အန်ဖီးလ်မှာ ဆက်ရှိနေဖို့ထက် အသင်းကနေထွက်ခွာနိုင်ချေက ပိုများနေတယ်လို့ မကြာသေးခင်တုန်းက ဝန်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိဆုဖလား ၃ လုံးချန်ပီယံဖြစ်ရေးအတွက် လမ်းကြောင်းမှန်တွေပေါ်မှာရှိနေတာဖြစ်ပါတယ်။ လီဗာပူးစတားဟာ ဒီရာသီ ၃၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လာမယ့်ဇွန်လမှာ အသက် ၃၃ နှစ်ပြည့်မှာဖြစ်ပါတယ်။ ဆာလက်က အသင်းဂန္ထဝင်ဟောင်း မက်မန်နာမန်နဲ့အင်တာဗျူးမှာ စာချုပ်သစ်အခြေအနေနဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။

ဆာလက်ရဲ့မှတ်ချက်ကြောင့် လီဗာပူးအသင်းပရိသတ်တွေအတွက် စိုးရိမ်စရာအနေအထားဖြစ်လာခဲ့ပါတယ်။ “ကျွန်တော် ပရိသတ်တွေကို သတိရစေချင်ပါတယ်။ အဲ့တာက ကျွန်တော် ပရိသတ်အားလုံးကို ပေးချင်တာပါ။ ကျွန်တော် ဒီမှာရှိနေပါတယ်။ ကျွန်တော် မပျင်းရိပါဘူး။ ကျွန်တော့်ကစားပုံကိုလည်း နှစ်သက်ပါတယ်။ အဲ့တာကိုလည်း အားလုံးကိုပေးချင်ပါတယ်။ ပရိသတ်တွေဆီကနေလည်း ကျွန်တော်အချစ်တွေပြန်ရသလို အဲ့လိုပြန်ရတာကလည်း ခင်ဗျားဘက်က အားလုံးပေးတာကြောင့်ပါ။ ကျွန်တော် သူတို့ကို အဲ့တာပဲသတိရစေချင်တာပါ။ ကျွန်တော် ဒီမှာ ၈ နှစ်တာရှိခဲ့ပြီး အားလုံးပေးခဲ့ပါတယ်”လို့ ဆာလက်က ဖြေကြားခဲ့ပါတယ်။

ဆာလက်ဟာ ဒီရာသီ ၂၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဟာလန်းရဲ့တစ်ရာသီတည်း ၃၆ ဂိုးသွင်းယူနိုင်တဲ့စံချိန်ကို လိုက်မီနိုင်ဖို့ ၁၁ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေကတော့ ဆာလက်ရဲ့အနာဂတ်ကို စိတ်ဝင်စားနေကြပြီး မကြာခင်သတင်းကောင်းကြားရဖို့ မျှော်လင့်နေကြပါတယ်။