The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ လီဗာပူး

လီဗာပူး ၂ - ၀ ဘရိုက်တန် (ပွဲပြီးရလဒ်)

အင်တာမီလန်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုင်ပွဲပြန်ရခဲ့တဲ့ လီဗာပူးအသင်းဟာ ယနေ့ညပွဲစဉ်မှာလည်း တိုက်စစ်မှူး အီကီတီကီရဲ့သွင်းဂိုးတွေနဲ့အတူ ဘရိုက်တန်ကို အနိုင်ယူခဲ့ပါတယ်။
ဆာလက် အရန်ခုံမှာ ပါဝင်လာပေမဲ့ ဂိုမက်ဇ် ဒဏ်ရာရသွားလို့ ပထမပိုင်းကတည်းက ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဆာလက်က အီကီတီကီရဲ့ ဒုတိယဂိုးကို ထောင့်ကန်ဘောကနေ ဖန်တီးပေးခဲ့ပါတယ်။ 
ဘရိုက်တန်က ဒီညပွဲမှာ အခွင့်အရေးပေါင်းများစွာရခဲ့ပေမဲ့ အဆုံးသတ်အားနည်းမှုတွေကြောင့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။