
ရီးရဲလ်မက်ဒရစ်မှာ ဂန္တဝင်ကျောနံပါတ်ကို ရရှိနိုင်မယ့် အမ်ဘာပေ
အသင်းဥက္ကဌ အယ်ခီလိုင်ဖီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အမ်ဘာပေဟာ ရာသီကုန်တွင် ပီအက်စ်ဂျီမှ ထွက်ခွာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြင်သစ်သားကို လိုက်နေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာတော့ တိုက်စစ်မှူးကိုခေါ်ယူဖို့ ထိပ်ဆုံးမှာရှိနေပါတယ်။ သို့သော်လည်း စပိန်ကလပ်ဟာ အမ်ဘာပေကို သဘောကျနေတဲ့ လီဗာပူး အပါအဝင် ဥရောပ ထိပ်တန်းကလပ်များနှင့် ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
အာတီတာရဲ့ အာဆင်နယ်က အမ်ဘာပေကို စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပြီး အာဆင်နယ်ဟာ ပီအက်စ်ဂျီကို အငြင်းပွားဖွယ်ရာ အလဲအလှယ်ဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အရိပ်အယောင်တွေ အားလုံးက စပိန်သို့သာ ညွှန်ပြနေပြီး ရီးရဲလ်မက်ဒရစ်က အသက် ၂၅ နှစ်အရွယ် ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
သဘောတူညီချက်အရ လက်မှတ်ထိုးကြေးအတွက် အစိတ်အပိုင်းတစ်ခုကို ပီအက်စ်ဂျီအားပေးချေရမှာလည်းဖြစ်ပါတယ်။ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ၂၀၂၄-၂၅ ရာသီမတိုင်ခင် သူ့ရဲ့ကျောနံပါတ်အတွက် ရရှိပြီးသားဖြစ်မှာပါ။
Mundo Deportivo ရဲ့ဖော်ပြချက်အရ အမ်ဘာပေဟာ လူကာမိုဒရစ်ရဲ့ နံပါတ် ၁၀ အင်္ကျီကို လွှဲပြောင်းရယူသွားမှာဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန် ယခုနွေရာသီတွင် ခရိုအေးရှားကွင်းလယ်ကစားသမားဟာ ဘာနေဗျူးမှ ထွက်ခွာရန် စီစဉ်ထားပါတယ်။ အမ်ဘာပေသာ ရီးရဲလ်မက်ဒရစ်မှာ နံပါတ် ၁၀ အင်္ကျီကို ၀တ်ဆင်မယ်ဆိုရင် စတားကစားသမားတွေသာ ဝတ်ဆင်တဲ့ နံပါတ် စာရင်းထဲပါဝင်သွားမှာဖြစ်ပါတယ်။
ဖီဂို၊ အိုလ်ဇေး၊ ဆီးဒရော့ဖ်၊ ရိုဒရီဂွက်ဇ် နှင့် ရှနိုက်ဒါတို့ပါဝင်တဲ့ စာရင်းထဲရောက်သွားမှာဖြစ်သလို ကလပ်မှာရှိစဉ် ကစားသမားအချို့ကသာ အဆိုပါနံပါတ်ကို ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ အမ်ဘာပေဟာ ၂၀၁၇ နွေရာသီတွင် ပီအက်စ်ဂျီသို့ပထမဆုံးပြောင်းရွှေ့စဉ်က နံပါတ် ၂၉ အင်္ကျီကိုဝတ်ဆင်ခဲ့ပါတယ်။
နောက်ဆုံးတွင် သူဟာ နံပါတ် ၇ အင်္ကျီကို ၀တ်ဆင်ခဲ့ပြီး နောက်ပိုင်းတွင် အမြဲတမ်းဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ကလပ်ရဲ့ ဂန္တဝင်နံပါတ်ကို ဗီနီဆီးယက်စ်ဂျူနီယာက ပိုင်ဆိုင်ထားပြီး နံပါတ် ၇ အင်္ကျီက ရီးရဲလ်မက်ဒရစ်တွင် လစ်လပ်နေခြင်း မရှိနေတာဖြစ်ပါတယ်။
အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် နံပါတ် ၁၀ အင်္ကျီကို ၀တ်ဆင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။