The network connection is lost.

Banner Image

ဂရင်းဝုဒ်ကိုခေါ်ယူပြီးတော့ တော့တင်ဟမ်က ဟိုဂျက်ကို ရရှိဖို့ နီးစပ်နေပြီဖြစ်နေတဲ့ မာ‌ဆေးလ်

မာဆေးလ်အသင်းဟာ တော့တင်ဟမ်က ဟိုဂျက်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။
ဂရင်းဝုဒ်ကို ပေါင် ၂၇ သန်းနဲ့ ပြင်သစ်ကလပ်က အပြီးသတ်ခေါ်ယူပြီးနောက်မှာတော့ အဆိုပါ သတင်းက ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဘရိုက်တန်ကနေ ထွက်ခဲ့တဲ့ ဒီဇာဘီကို ‌မာဆေးလ်က နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ပရီးမီးယားလိဂ်က ကစားသမားတွေကို ဆက်တိုက်ခေါ်ယူနေတာပါ။  အသက် ၂၈ နှစ်အရွယ် ဟိုဂျက်ဟာ နည်းပြ ပိုစတီကိုဂလူရဲ့လက်အောက်မှာ ပွဲထွက်ခွင့်နည်းခဲ့ပြီး ဒီနွေရာမှာ သူ့ကိုထွက်ခွာခွင့်ပေးလိုနေတာဖြစ်ပါတယ်။

ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ‌မာဆေးလ်ဟာ ကွင်းလယ်ကစားသမားအတွက် ပေါင် ၁၂ သန်းပေးမှာ ဖြစ်ပါတယ်။
ဒီဇာဘီနှင့် စကားပြောပြီးနောက်မှာတော့ ကစားသမားကိုယ်တိုင်က မာဆေးလ်သို့ ပြောင်းလိုနေတာပါ။ လန်ဒန်ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်က အန်ကီတီယာနှင့်အတူ သူက ပြင်သစ်တောင်ပိုင်း အခြေစိုက်ကလပ်သို့ပြောင်းနိုင်နေတာဖြစ်ပါတယ်။

မာဆေးလ်ဟာ တိုက်စစ်မှူးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လြပ်ထားသော်လည်း သဘောတူညီမှုရရှိဖို့ မနီးစပ်သေးကြောင်း ဖာဘရီဇီယို ရိုမန်နိုက ပြောထားပါတယ်။ ဂန်းနားတွေဟာ ဟေးအန့်အကယ်ဒမီထွက် ကစားသမားကို ရောင်းချဖို့အတွက် တွန့်ဆုတ်နေပါတယ်လို့ SunSport က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အန်ကီတီယာဟာ အမ်းမရိတ်မှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဖူလ်ဟမ်အပါအဝင် အခြားသော ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။ အာဆင်နယ်ကသာ သူ့ကိုရောင်းချဖို့အတွက် ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပေါင်သန်း ၃၀ လောက် အလိုရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အင်္ဂလန်အတွက် ပထမဆုံးပွဲဦးထွက်ခွင့်ရရှိခဲ့တဲ့ အန်ကီတီယာဟာ ပွဲထွက်ခွင့်ရရှိဖို့အတွက် အသင်းပြောင်းချင်တယ်လို့ ထင်ရပါတယ်။