The network connection is lost.

Banner Image

နာဒီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာတဲ့ ဘီယေး

မာဆေးအသင်းရဲ့ နည်းပြချုပ် ဟာဘစ်ဘီယေးက ဇူးလ်တေဝါရီဂမ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုချူကူ နာဒီကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ပြောကြားလိုက်ပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင်ကစားသမား နာဒီဟာ ပြီးခဲ့တဲ့လက အသင်းကို ရောက်ရှိလာခဲ့ပေမဲ့ အခုထိ ပွဲထွက်ကစားခွင့် မရသေးပါဘူး။ ဒါပေမဲ့ နည်းပြဖြစ်သူကတော့ အကောင်းမြင်နေပြီး ဒီကွင်းလယ်လူအနေနဲ့ လီဂူးဝမ်းကလပ်မှာ အသားကျသွားပြီဆိုရင် အသင်းအတွက် အကျိုးသက်ရောက်မှု အများကြီးရှိလာမယ်လို့ မျှော်လင့်နေပါတယ်။

"သူဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကိုယ်ခန္ဓာကြံ့ခိုင်မှု အားသာသလို အရမ်းလည်း မြန်ပါတယ်" လို့ ဘီယေးက ပြောခဲ့ပါတယ်။ "သူဟာ ကွင်းအနှံ့ ပြေးလွှားကစားနိုင်တဲ့ ကစားသမားဖြစ်သလို အသင်းအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိစေနိုင်သူပါ" လို့လည်း ဆိုပါတယ်။

"နာဒီက အံ့ဩဖို့ကောင်းပါတယ်။ သူဟာ ပြင်းပြင်းထန်ထန် ကစားတတ်ပေမဲ့ ဘောလုံးထိန်းချုပ်မှုအပိုင်းမှာလည်း အရမ်းကောင်းပြီး ကွင်းလယ်မှာ ကျွန်တော်တို့ လိုအပ်နေတဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်သူပါ" လို့ နည်းပြက ဆက်ပြောပါတယ်။

"ကျွန်တော် ရောက်ရောက်ချင်းမှာပဲ သူ့ကို ခေါ်ယူစကားပြောခဲ့ပါတယ်။ ဘရက်စ်အသင်းနဲ့ပွဲအတွက် လူစာရင်းရွေးချယ်ဖို့ ၂၄ နာရီပဲ အချိန်ရခဲ့တာကြောင့် သူနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အခုအပတ် လေ့ကျင့်ရေးဆင်းတာတွေကို ကြည့်မယ်ဆိုရင်တော့ သူရော အခြားကစားသမားတွေပါ အရည်အသွေး တကယ့်ကို ကောင်းမွန်နေကြပါတယ်" လို့ ဘီယေးက မှတ်ချက်ပေးခဲ့ပါတယ်။