တော့တင်ဟမ်နောက်ခံလူ ပေါ်ရိုကိုပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး
မန်စီးတီးဟာ ပေါ်ရိုကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပြီး တော့တင်ဟမ်ဘက်ကလည်း လာမယ့်နွေရာသီမှာ ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်နေပုံရပါတယ်။
တော့တင်ဟမ်ဟာ လက်ရှိမှာ တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာပဲ ရှိနေပြီး နွေရာသီမှာတော့ ကစားသမား တော်တော်များများ အသင်းကနေ ထွက်ခွာကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
သတင်းထောက် Pete O'Rourke ရဲ့ အဆိုအရ မန်စီးတီးဟာ အသက် ၂၆ နှစ်အရွယ် ပေါ်ရိုကို ၂၀၂၂ ခုနှစ်တုန်းက အပြီးသတ်ရောင်းထုတ်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူ့ကို ရေရှည်အတွက် ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ညာနောက်ခံလူ ကိုင်လီဝေါ်ကာရဲ့ နေရာမှာ ရေရှည်အတွက် အစားထိုးနိုင်မယ့်သူကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
ပေါ်ရိုဟာ ဒီရာသီမှာ တော့တင်ဟမ်အတွက် အားကိုးရတဲ့သူတစ်ဦးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။