ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် လီဗာပူးကစားသမားသုံးဦးကို ဝေဖန်ပြောဆိုခဲ့တဲ့ ဂျိုကိုးလ်
စနေညပိုင်း၊ ဘရန့်ဖို့ဒ်ကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ရှုံးပွဲအတွင်း ခြေစွမ်းပိုင်းညံ့ဖျင်းလှတဲ့ လီဗာပူးကစားသမားသုံးဦးကို ဂျိုကိုးလ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဒန်ဂိုအူယက်တာရာနဲ့ ရှာဒီတို့က အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ ကာကက်ဇ်က ဧည့်သည်တွေအတွက် ဗွေဆော်ဦးချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အီဂေါသီယာဂိုက ပယ်နယ်တီမှတဆင့် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ မိုဆာလက်က ဒုတိယမြောက်ချေပဂိုးကို သွင်းယူသွားခဲ့ပါတယ်။
TNT Sports အတွက် ပထမပိုင်းပွဲပြီးသုံးသပ်ချက်ပြုလုပ်ချိန် ဂျိုကိုးလ်က လီဗာပူးကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ကိုနာတေးနဲ့ ကာကက်ဇ်တို့ကို ဝေဖန်သွားခဲ့ပါတယ်။
ရှာဒီရဲ့သွင်းဂိုးနဲ့ပတ်သက်လို့ ဂျိုကိုးလ်က “ ဗန်ဒိုက်နဲ့ ကိုနာတေးတို့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်က အတော်လေးဆိုးရွားလွန်းပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း အရမ်းကောင်းတဲ့ပေးပို့မှုတစ်ခုနဲ့ မယုံကြည်နိုင်စရာ အဆုံးသတ်မှုတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ကာကက်ဇ်ရဲ့ပထမပိုင်း ၄၅ မိနစ်စွမ်းဆောင်ရည်က ညံ့ဖျင်းလွန်းပါတယ်”လို့ ပြောပါတယ်။ ပွဲပြီးချိန်မှာလည်း ဂျိုကိုးလ်က “ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ အရည်အသွေးအပြည့်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နည်းပြကိတ်အန်ဒရူးစ်ကတော့ သောမတ်စ်ဖရန့်ခ်ရဲ့ရာထူးကို လွှဲပြောင်းရယူပြီး အမှတ်ပေးဇယားထိပ်ပိုင်းဆီ ဒီကလပ်အသင်းကို တွန်းပို့ပေးနေပါတယ်။
ဒါကတော့ ဘရန့်ဖို့ဒ်ရဲ့အခိုက်အတန့်ပါပဲ၊ ဒီအသင်းရဲ့ စိတ်လှုပ်ရှားစရာအံ့သြဖွယ် စွမ်းဆောင်ရည်တစ်ရပ် ဖြစ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ပရီမီးယားလိဂ်ချန်ပီယံလီဗာပူးက လိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။