The network connection is lost.

Banner Image

သီယာဂိုအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ဘရန့်ဖို့ဒ်

ထိပ်တန်းကလပ်အသင်းတွေ မျက်စိကျနေတဲ့ အီဂေါသီယာဂိုအတွက် ဘရန်ဖို့ဒ်အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပါတယ်။ ဒီနွေရာသီမှာ အီဂေါသီယာဂိုကို ခေါ်ယူချင်တဲ့ အသင်းတွေဆီကနေ ဘရန်ဖို့ဒ်အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၀ သန်းအထိ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒီတိုက်စစ်မှူးဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ၃၄ ပွဲကစား၊ ၂၁ ဂိုးအထိ သွင်းယူထားပြီး ရွှေဖိနပ်ဆုအတွက် မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့နောက် ၃ ဂိုးအကွာမှာ ရပ်တည်ကာ အကောင်းဆုံးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ESPN Brazil ရဲ့ ဖော်ပြချက်အရ ဘရန်ဖို့ဒ်အသင်းအနေနဲ့ သီယာဂိုကို ဒီနွေရာသီမှာ ရောင်းချဖို့အတွက် ပေါင် ၈၀ သန်းလောက်ရှိတဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာမှသာ လက်ခံစဉ်းစားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က ဒီတိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ဘရန်ဖို့ဒ်အသင်းထံ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ကလည်း သီယာဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမဲ့ ဘရန်ဖို့ဒ်ဘက်က သတ်မှတ်ထားတဲ့ ဈေးနှုန်းမြင့်မားနေတာကြောင့် အီတလီကလပ်တွေဆီ ပြောင်းရွှေ့ဖို့ကတော့ မဖြစ်နိုင်သလောက် ရှိနေပါတယ်။