The network connection is lost.

Banner Image

ကာကက်ဇ်နဲ့ ယှဉ်ပြိုင်စေဖို့ ဘုန်းမောက်ကြယ်ပွင့်ကို မျက်စိကျနေတဲ့ လီဗာပူး

နွေရာသီပစ်မှတ်အများစုနဲ့ လွဲချော်ခဲ့ပြီးနောက် လူစာရင်းပိုင်းအင်အားဖြည့်တင်ဖို့အတွက် လီဗာပူးက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဆီ ဝင်ရောက်လာဖွယ် ရှိပါတယ်။

ကြိုးကြာနီတွေက ဂျက်ကွက်၊ မူနော့ဇ်နဲ့ ဘာကိုလာတို့ကို ခေါ်ယူခဲ့ပေမဲ့ အန်ဖီးလ်မှာ ပိုမိုကျယ်ပြန်တဲ့ ပြန်လည်တည်ဆောက်မှုအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နောက်ခံလူတွေနဲ့ ကွင်းလယ်ကစားသမားတွေကို နည်းပြအီရာအိုလာ ရှာဖွေနေပါတယ်။

မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့လာမှုကြောင့် စပိန်လူမျိုးနည်းပြက ဘုန်းမောက်ဘယ်နောက်ခံလူဟောင်းကာကက်ဇ်နဲ့ ပြန်လည်ဆုံးတွေ့ခဲ့ပေမဲ့ ဘယ်အစွန်ခံစစ်နောက်ရာအတွက် ဟန်ဂေရီလက်ရွေးစင်ကစားသမားကို ရေရှည်ရွေးချယ်စရာအဖြစ် ယုံကြည်မှု အပြည့်အ၀မထားနိုင်သေးပါဘူး။ ဒါကြောင့် အီရာအိုလာက ခံစစ်ပိုင်းအားဖြည့်ဖို့ အခြားရွေးချယ်စရာတွေကို ရှာဖွေလာနိုင်ပါတယ်။

TEAMtalk ရဲ့ သတင်းတွေအရ ၂၀၂၅ ခုနှစ်မှာ ကာကက်ဇ်ရဲ့နေရာကို အစားထိုးဖို့ အီရာအိုလာကိုယ်တိုင်ခေါ်ယူခဲ့ပြီး ဗီတယ်လတီကွင်းမှာ ခြေစွမ်းပြသနေတဲ့ ထရက်ဖတ်ကို အန်ဖီးလ်ဆီခေါ်ယူသွားဖို့ လီဗာပူးနည်းပြ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒီပြင်သစ်ကြယ်ပွင့်ရဲ့အင်္ဂလန်မြေဗွေဆော်ဦးဘောလုံးရာသီက သူ့ရဲ့အပြောင်းအရွှေ့တန်ဖိုးကို မြင့်တက်သွားစေခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ ဘုန်းမောက်နဲ့စာချုပ်သက်တမ်းရှိနေတဲ့ ထရက်ဖတ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ရောင်းစျေးအသစ်အဖြစ် ပေါင်သန်း ၆၀ အထိ သတ်မှတ်ထားပါတယ်။