The network connection is lost.

Banner Image

ကိုနာတေး နုတ်ထွက်သွားပြီးနောက် စီနီယာလက်ရွေးစင်အဆင့်အတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက်ရတဲ့ ယိုရို

ကိုနာတေး နုတ်ထွက်သွားမှုနဲ့အတူ ယိုရိုက အခုနိုင်ငံတကာသီတင်းပတ်အတွင်း ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ပထမဆုံးအကြိမ်ဆင့်ခေါ်မှုကို ရရှိခဲ့ပါတယ်။
 
ပြင်သစ်နည်းပြဇီဒန်းကတော့ နေးရှင်းလိဂ်ခရီးစဉ်စတင်မှုအဖြစ် တူရကီနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် သူ့ရဲ့ပွဲထွက်လူစာရင်းကို သောကြာနေ့ညနေပိုင်းမှာ ရွေးချယ်သွားပါလိမ့်မယ်။
 
ပြင်သစ်တွေက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်မှာ စပိန်၊ တတိယနေရာလုပွဲမှာ အင်္ဂလန်တို့ကို ရှုံးနိမ့်ပြီး စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရလို့ ဇီဒန်းကို အသင်းမှာ အသွင်သစ်ပြောင်းလဲပေးနိုင်မယ့်သူအဖြစ် မျှော်လင့်နေကြပါတယ်။

အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဒူးဒဏ်ရာပြသနာကြောင့် လက်ရွေးစင်အသင်းမှ ကိုနာတေး နုတ်ထွက်သွားပြီးနောက် သူ့ရဲ့နေရာမှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ယိုရိုကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ယိုရိုအတွက်တော့ လက်ရွေးစင်အသင်းရဲ့ ပထမဆုံးအကြိမ်ဆင့်ခေါ်မှု ဖြစ်လာပါတယ်။
 
ရာသီအစ၊ ရုန်းကန်နေရတဲ့ ယူနိုက်တက်အသင်းခံစစ်ပိုင်းမှာ လီဆန်ဒရိုမာတီနက်ဇ်၊ ဟယ်ရီမက်ဂွါရီတိုနဲ့အပြိုင် နေရာလုနေရပြီး ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အသက် ၂၀ နှစ်ရွယ်ကစားသမားအတွက် အခုလိုလက်ရွေးစင်အသင်းဆီ ရောက်ရှိလာမှုက အခွင့်ထူးတစ်ရပ်လည်း ဖြစ်လာပါတယ်။

ယိုရိုက ဂျက်ကွက်၊ ကာလူလူ၊ ကွန်ဒီ၊ လာခရော့စ်၊ ထရက်ဖတ်၊ အူပါမီကာနိုတို့နဲ့အတူ ဇီဒန်းရဲ့လက်အောက်မှာ ခြေစွမ်းပြသဖို့ ကြိုးပမ်းမယ့် နောက်ခံလူစာရင်းဆီ ပါဝင်လာခဲ့ပါတယ်။

ပြင်သစ်အသင်းက တူရကီနဲ့ရင်ဆိုင်ပြီးနောက် ဘယ်လ်ဂျီယံဆီ ခရီးဆက်ဖို့ ရှိနေပြီး အောက်တိုဘာ ၂ ရက်မှာ အီတလီ၊ အောက်တိုဘာ ၅ ရက်အိမ်ကွင်းမှာ ဘယ်လ်ဂျီယံတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။
 
ပြင်သစ်အသင်းက ၂၀၂၀-၂၀၂၁ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ဖူးသလို ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း တတိယနေရာ ရရှိခဲ့ပါတယ်။