The network connection is lost.

Banner Image

လီဗာပူးစတားဟောင်းကို လွမ်းဆွတ်နေလိမ့်မယ်လို့ ကာရေဂါ ဝန်ခံပြောကြား

လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက အသင်းဟောင်းအနေန့  အာနိုးလ်ကို လွမ်းဆွတ်နေလိမ့်မယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ စလော့ဟာ အခုနွေရာသီမှာ ဝီရက်ဇ် နဲ့ အီဆက်တို့ကိုခေါ်ယူထားနိုင်ခဲ့ပေမယ့် ကစားသမားအသစ်တွေက ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် ဖန်တီးမှုအပိုင်း နဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ စလော့ရဲ့အသင်းဟာ ရာသီအစမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ထားခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက်တော့ အရေးနိမ့်ထားခဲ့ပါတယ်။

စလော့ဟာ ကွင်းလယ်ပိုင်းအတွက် ဝီရက်ဇ်ကို ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူထားခဲ့ပေမယ့် ပထမဆုံးဂိုးဖန်တီးမှုရယူနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားကို အသင်းပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် ဂိုးဖန်တီးနိုင်ဖို့ ရုန်းကန်နေရတာကြောင့် လီဗာပူးတိုက်စစ်က အဆင်မချောသေးတာဖြစ်ပါတယ်။ အခုလိုအခြေအနေမှာ ကာရေဂါက အာနိုးလ်ရဲ့အရေးပါမှုကို လီဗာပူးအနေနဲ့ လွမ်းဆွတ်နေလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“အဲ့လိုပဲပြောရပါလိမ့်မယ်။ ဒါပေမယ့် အာနိုးလ်နေရာကို ဝီရက်ဇ်နဲ့ အစားထိုးခဲ့ပြီး ဖန်တီးမှုလိုချင်ခဲ့တာပါ။ ဒါပေမယ့် သူက အထိုင်ကျဖို့ ရုန်းကန်နေရတာကြောင့် ဖန်တီးမှုမရသေးပါဘူး။ တစ်ချိန်တည်းမှာ အသင်းက အပြောင်းအလဲလုပ်ဆောင်ရတဲ့အချိန်မှာ အချိန်တစ်ခုယူနေရပါတယ်။ ဝီရက်ဇ်က မတူညီတဲ့နေရာမှာကစားတဲ့ ကစားသမားဖြစ်တာကြောင့် အင်္ဂလိပ်ဘောလုံးကစားဟန်နဲ့ အထိုင်ကျဖို့ လိုအပ်နေပါသေးတယ်။ စလော့အနေနဲ့ ချန်ပီယံဆုကာကွယ်ဖို့ လုပ်ဆောင်နေပေမယ့် ဖိအားတွေနဲ့ ဆက်ထိန်းရဖို့များနေပါတယ်။ နွေရာသီမှာ ကစားသမား ၂ ဦးအတွက် ပေါင်သန်း ၂၃၀ လောက် အသုံးပြုထားခဲ့ပါတယ်။

လက်ရှိမှာ စလော့က ကလော့ပ်ခေါ်ယူခဲ့တဲ့ကစားသမားတွေနဲ့ အကောင်းဆုံးအသင်းကို ဆက်ခံနေတာပါ။ အခုသူက သူ့နည်းလမ်းအတိုင်း ကစားသမားအသစ်တွေခေါ်ယူနေပါတယ်။ လီဗာပူးအသင်းအခုအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော် စိုးရိမ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်စိတ်လှုပ်ရှားတာဖြစ်သလို စိတ်ချနေတာပါ။ အဲ့တာ ကျွန်တော်စိတ်လှုပ်ရှားနေတာဖြစ်ပြီး ကျွန်တော် စလော့ဘယ်လိုတိုးတက်အောင်လုပ်ဆောင်နေလဲဆိုတာ စောင့်ကြည့်ချင်ပါတယ်။

လီဗာပူးက အခုနွေရာသီမှာ ကစားသမားအသစ်တွေက ပေါင်သန်း ၄၅၀ လောက်နီးပါးအသုံးပြုထားခဲ့ပါတယ်။ ချဲလ်ဆီးဆိုရင်လည်း ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပေါင် ၁.၅ ဘီလီယံလောက်အသုံးပြုထားခဲ့ပေမယ့် အောင်မြင်ဖို့အတွက် အတိုချုံးတာမရှိနိုင်ပါဘူး”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းကို ၂ မှတ်အကွာနဲ့ ဦးဆောင်နေဆဲဖြစ်ပေမယ့် လာမယ့်စနေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။ အဲ့နောက် နိုင်ငံတကာရက်သတ္တပတ်ကစားရမှာဖြစ်ပြီး ဝီရက်ဇ် ၊ အီဆက်တို့က သက်ဆိုင်ရာအသင်းတွေထံ သွားရောက်ကစားမှာဖြစ်ပါတယ်။