ချဲလ်ဆီးစတားကို ချီးကျူးလိုက်တဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်း
အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က ချဲလ်ဆီးစတား ဆန်ချိုရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး ယူနိုက်တက်မှားယွင်းကြောင်း သက်သေပြနေတယ်လို့ ဆိုလိုက်ပါတယ်။ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာမှာတုန်းက ဒေါ့မွန်မှာကစားခဲ့တဲ့ခြေစွမ်းမျိုးမရခဲ့ပဲ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒေါ့မွန်မှာတုန်းက ဆန်ချိုဟာ လူငယ်အဆင့်ကနေ တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ၁၅၈ ပွဲမှာ ၅၃ ဂိုးသွင်း ၊ ၆၇ ဂိုးဖန်တီးနိုင်ခဲ့ကာ ဂျာမန်ပိုကယ်ဖလား နဲ့ ဂျာမန်စူပါဖလားတွေရယူနိုင်ခဲ့ပါတယ်။ တန်ဟက်လက်အောက်မှာ ရုန်းကန်ခဲ့ရပြီးနောက် အသင်းကနေထွက်ခွာခဲ့ကာ ချဲလ်ဆီးအသင်းမှာ ၁၀ ပွဲအတွင်း ၂ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့တော့တင်ဟမ်နဲ့လန်ဒန်ဒါဘီပွဲမှာလည်း ဆန်ချိုတစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဆန်ချိုကိုခေါ်ယူခဲ့စဉ်က အပြီးသတ်ခေါ်ယူခွင့်ထည့်သွင်းခဲ့တာကြောင့် လာမယ့်နွေရာသီမှာ ခေါ်ယူရဖို့ များနေပါတယ်။ အာဆင်နယ်စတား အီယန်ရိုက်လည်း အသက် ၂၄ နှစ်သားရဲ့စွမ်းဆောင်ရည်ကို ပြီးခဲ့တဲ့ပွဲတစ်ခုမှာ ချီးကျူးခဲ့ပါတယ်။
“ဆန်ချိုကို ပန်းတွေပေးဖို့ လိုအပ်နေပါပြီ။ သူက တော့တင်ဟမ်နဲ့ပွဲမှာ အရမ်းကောင်းခဲ့ပါတယ်။ တကယ်ကောင်းခဲ့တာပါ။ အဲ့နောက် သူက လူတွေမှားယွင်းတယ်ဆိုတာကို သက်သေပြမယ်လို့ ပြောခဲ့ပါတယ်။ အဲ့လိုခံစားချက်မျိုးကို ယူနိုက်တက်မှာ သူမရခဲ့ပါဘူး။ ဒါဆို အခုလိုမျိုး သူဘာကြောင့်ပြောတာလဲ?။ သူ့အနေနဲ့ အသင်းတစ်သင်းမှာ အသိအမှတ်အပြုမခံရဘူးလိ့ု ကျွန်တော်ထင်ပါတယ်။
ဒေါ့မွန်ကိုသွားတုန်းကလည်း သူလူတွေမှားယွင်းတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ ကျွန်တော်ကတော့ သူယူနိုက်တက်ကနေထွက်ခွာပြီး အခုပြသနေတဲ့ခြေစွမ်းကို ကျေနပ်မိပါတယ်”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းထံ ၁ ရာသီအငှား + ပေါင် ၂၅ သန်းအပြီးသတ်ဝယ်ယူခွင့်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
ရိုက်က ချဲလ်ဆီးအနေနဲ့ အင်္ဂလန်သားကို နည်းပါးတဲ့တန်ကြေးနဲ့ရမယ့် ချဲလ်ဆီးအစား အံ့အားသင့်နေပါတယ်။ “ဝိုး ပေါင် ၂၅ သန်းတည်းလား။ အဲ့တာက တကယ့်အံ့ဖွယ်ပါ”လို့ ရိုက်က ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ တော့တင်ဟမ်နဲ့ပွဲမှာ နောက်ကနေလိုက်ကစားပြီး အဖိုးတန်အနိုင် ၃ မှတ်ပြည့်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။