The network connection is lost.

Banner Image

ချဲလ်ဆီးစတားရဲ့ပွဲဦးထွက်ခြေစွမ်းကို ချီးကျူးလိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပဲလေ့စ်နဲ့ပွဲဦးထွက်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားသစ် ဝီလီယံရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ မာရက်စ်ကာဟာ ပွဲကစားချိန် ၅၄ မိနစ်မှာ ဂစ်တန်အစား ဝီလီယံကိုလူစားလဲခဲ့ပြီး ပရိသတ်တွေကျေနပ်လောက်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ပါတယ်။ အက်စ်တီဗိုဟာ အခုနွေရာသီတုန်းက ပါးလ်မီးရက်စ်အသင်းထံကနေ ချဲလ်ဆီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မာရက်စ်ကာက အနာဂတ်မှာ အရေးပါတဲ့ကစားသမားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဘရာဇီးသားဟာ ညာခြမ်းမှာ ပဲလေ့စ်ခံစစ်ကို ပြဿနာတက်အောင် လုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်စတားရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မာရက်စ်ကာက “ကိုယ်ရည်ကိုယ်သွေးကတော့ ထိပ်တန်းအဆင့်ပါ။ ခင်ဗျား သူ့ကိုဘရာဇီးမှာလည်း မြင်နိုင်ပါတယ်။ သူတို့က မတူညီကြသလို သူက အသင်းအတွက် ထိပ်တန်းကစားသမားဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ပယ်လ်မာအကြောင်းသိပြီးသားပါ။ အက်စ်တီဗိုကတော့ အထိုင်ကျဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် သူက အသင်းအတွက် အရေးပါတဲ့သူဖြစ်လာနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီသစ်ကို သရေပွဲနဲ့သာ စတင်နိုင်ခဲ့ပြီး ပဲလေ့စ်နဲ့ပွဲမှာ ပက်ဒရို နဲ့ ဂစ်တန်တို့ ခြေစွမ်းပျောက်နေခဲ့တာဖြစ်ပါတယ်။ နွေရာသီမှာ လူအင်အားဖြည့်တင်းထားခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်စတား ဇာဗီဆိုင်မွန်ကို ချိတ်ဆက်နေဆဲဖြစ်ပါတယ်။ တကယ်လို့ ဆိုင်မွန်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲကို အမီထည့်သွင်းနိုင်မှာဖြစ်ပါတယ်။